နေပြည်တော်၊ အောက်တိုဘာ    ၂        
 
နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ   စက်တင်ဘာ ၂၃   ရက်မှ  ၂၉ ရက်အထိ တရားမဝင် ကျွန်း (၁၆ ဒသမ ၃၉၄၄) တန်၊ သစ်မာ (၃ ဒသမ ၅၁၈၂) တန်နှင့် အခြား (၃၂ ဒသမ ၁၀၇၈) တန် စုစုပေါင်း (၅၂ ဒသမ ၀၂၀၄) တန်၊ ယာဉ်/ ယန္တရား ခုနစ်စီးနှင့် တရားခံ  ၁၅ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိမှုများအနက် အများဆုံး ဖမ်းဆီးရမိမှုမှာ စက်တင်ဘာ ၂၆ ရက်က မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ် ရန်ကုန်-မန္တလေး ကားလမ်း မိုင်တိုင်အမှတ် ၁၅၄/၇ အနီးမှ တရားမဝင် ပျဉ်းကတိုး/ သဒီ/ သစ်စေး/ ဖန်ခါး /နဘဲ ခွဲသား စုစုပေါင်း (၁၅၇) ချောင်း (၁၂ ဒသမ ၆၈၁၈) တန်နှင့် (၁၂) ဘီးယာဉ် တစ်စီးကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

 

mdn

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင် သစ်နှင့်သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ် ဖမ်းဆီးရေးကို ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်