နေပြည်တော်  ၄  မတ် 

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၀ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါက်တာ ကျော်သန်းထွန်း (ကန်တုန်) ၏ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ကွင်းအမှတ် (၂၈၈/က)ရှိ လယ်ယာမြေဧက (၂၀ဝ)ကျော်အား ယခင်အမှတ်(၁) စက်မှုဝန်ကြီးဌာန၊ ကြွထေည်၊ မြေထည်စီမံကိန်းအတွက် သိမ်းယူခဲ့ပြီး စီမံကိန်း ပျက်ပြယ်ပြီးနောက် မူလ ပိုင်ရှင် တောင်သူများထံ ပြန်လည်ပေးအပ်ခြင်း မပြုဘဲ ပုဂ္ဂလိက လုပ်ငန်းရှင် လေးဦးထံ လွှဲအပ်ရောင်းချခြင်း၊ မြေငှားဂရန်ချထားပေးခြင်းဖြင့် မမှန်မကန် ဆောင်ရွက်ခဲ့ခြင်းအား ပြန်လည်စိစစ်၍ မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ် စိုက်ပျိုးခွင့်ပြုနိုင်ရေး ကိုင်တွယ် ဖြေရှင်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စက်မှုဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးခင်မောင်ချို က မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ကွင်းအမှတ် (၂၈၈/ က )ရှိ ဌာနပိုင်မြေ အမည်ပေါက်ဖြစ်သော ယခင်အုတ်စက်ရုံအမှတ်(၃) မြေ (၁၃၃ ဒသမ ၉၅)ဧကအား နိုင်ငံပိုင်ပစ္စည်းများအား ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်၏ ဆုံးဖြတ်ချက်ဖြင့် ဒေါ်စန်းဆင့်ဆင့်ထွန်း + (၃)ဦးထံသို့ အပြီးအပြတ်လွှဲပြောင်းရောင်းချ ခဲ့ပြီး ဖြစ်ခြင်းကြောင့် စက်မှုဝန်ကြီးဌာနနှင့် လုံးဝသက်ဆိုင်ခြင်း မရှိတော့ပါကြောင်းနှင့် ၎င်းမြေနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနအနေဖြင့် ကိုင်တွယ်ဖြေရှင်းပေးနိုင်ခြင်း မရှိပါကြောင်း ဖြေကြားသည်။

 

တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးဇော်ဟိန်း ၏ တနင်္သာရီ တိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်း ပင်လယ်ရေသယံဇာတ ငါးများပေါက်ဖွားရာ ဒီ ရေတောသစ်ပင်များကို ဧကထောင်ချီခုတ်လှဲ၍ အပြောင်ရှင်းစနစ်ဖြင့် ပုစွန်မွေးမြူရေး စီမံကိန်းကြီးများ တိုးချဲ့လုပ်ကိုင်နေခြင်းအပေါ် မည်ကဲ့သို့ ခွင့်ပြုထားသည်ကို သိရှိလို ခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အဖွဲ့ဝင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနဒုတိယ ဝန်ကြီး ဦးဆက်အောင် က တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်း ပြည့်ဖြိုးထွန်းအင်တာနေရှင်နယ် ကုမ္ပဏီလီမိတက်နှင့် Khine Zin Yaw Trading Co.,Ltd တို့မှ ပုစွန်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ရန်အတွက် လျှောက်ထားမှုအပေါ်တွင် မြေယာလုပ်ကိုင်ခွင့်ခွင့်ပြုထားမှု မရှိသေးပါကြောင်းနှင့် သက်ဆိုင်ရာငါးလုပ်ငန်းဦးစီးဌာနတွင်လည်း ပုစွန်မွေးမြူရေး (ယာယီ)လိုင်စင် လျှောက် ထားမှု မရှိသေးသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ ယင်းလုပ်ငန်းများ လုပ်ကိုင်နေပါ က တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ငါးလုပ်ငန်းဦးစီးဌာနတို့က ဆက်လက်အရေး ယူ ဆောင်ရွက်မည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

အလားတူ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးကျော်သောင်း၊ပဲခူး တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာစန်းမောင်မောင်နှင့် မန္တလေးတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးကျော်မြင့်ဦး တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုနှင့်နေပြည်တော်ကောင်စီဝင် ဦးညီထွန်းတို့က ပြန်လည်ရှင်း လင်းဖြေကြားခဲ့ကြသည်။

 

ထို့နောက် အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော တံတားကြီး များ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကျော်မိုးသွင်က အပိုဒ် ၂(ဂ)တွင် ဒေသဆိုင်ရာအစိုးရ အဖွဲ့ဆိုသည်မှာ  နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့တို့ကို ဆိုသည်ဟု အမျိုးသားလွှတ်တော်က အတည်ပြု ပေးထားပါကြောင်း၊  ပြည်သူ့လွှတ်တော်၏ အတည်ပြုချက်တွင် သက်ဆိုင်ရာ အုပ်ချုပ် ရေးအဖွဲ့ဆိုသည်မှာဟူ၍ ပြင်ဆင်ထားသဖြင့် အဓိပ္ပာယ် ပြည့်စုံမှုရှိသည့် အမျိုးသား လွှတ်တော်၏ အတည်ပြုချက်အတိုင်း ပြဋ္ဌာန်းဖော်ပြရန် ဆွေးနွေးတင်ပြအပ်ပါကြောင်း။

 

အပိုဒ် ၂(ဃ)တွင် အမျိုးသားလွှတ်တော်က တာဝန်ခံဝန်ကြီးဌာနဆိုသည်မှာ  ဆောက်လုပ်ရေးဝန်ကြီးဌာနကိုဆိုသည် ဟု ပြဋ္ဌာန်းထားပါကြောင်း၊ ပြည်သူ့လွှတ်တော် က ဝန်ကြီးဌာနဆိုသည်မှာ ပြည်ထောင်စုအစိုးရဆောက်လုပ်ရေးဝန်ကြီးဌာန ကိုဆို သည်ဟု ပြင်ဆင်ထားသဖြင့် ဤဥပဒေနှင့် စပ်လျဉ်း၍  တာဝန်ခံဆောင်ရွက် ရမည့် ဝန်ကြီးဌာနကို ဖော်ပြရာတွင် အဓိပ္ပာယ်ပေါ်လွင်မှုရှိစေသည့် အမျိုးသားလွှတ် တော်၏ အတည်ပြုချက်အတိုင်း ပြဋ္ဌာန်းဖော်ပြရန် ဆွေးနွေးတင်ပြအပ်ပါကြောင်း။

 

ဆက်လက်၍ အပိုဒ်၂(င)တွင် ဝန်ကြီးဌာနဆိုသည်မှာ တံတားကြီး တည်ဆောက် ထိန်းသိမ်းထားသည့် ဆက်စပ်ဝန်ကြီးဌာနကိုဆိုသည် ဟု အမျိုးသားလွှတ်တော်က ပြဋ္ဌာန်းထားပါကြောင်း၊ ပြည်သူ့လွှတ်တော်က သက်ဆိုင်ရာ ဝန်ကြီးဌာနဆိုသည်မှာ တံတားကြီး တည်ဆောက်ပြုပြင်ထိန်းသိမ်းထားသည့် ဆက်စပ်ဝန်ကြီးဌာနကိုဆို သည်ဟု ပြင်ဆင်ထားသဖြင့် အဓိပ္ပာယ်လေးနက် ကျစ်လစ်မှုရှိသည့် အမျိုးသား လွှတ်တော်၏ အတည်ပြုချက်အတိုင်း ပြဋ္ဌာန်းရန် တင်ပြအပ်ပါကြောင်း။

 

ထို့ပြင်  အပိုဒ် ၂(စ)တွင် သက်ဆိုင်ရာ ဦးစီးဌာနဆိုသည်မှာ ဝန်ကြီးဌာနက တံတားကြီးများနှင့်စပ်လျဉ်း၍ တာဝန်ပေးအပ်ထားသည့် ဦးစီးဌာနကိုဆိုသည် ဟု အမျိုးသားလွှတ်တော်က ပြဋ္ဌာန်းထားပါကြောင်း၊ ပြည်သူ့လွှတ်တော်က ဦးစီးဌာနဆို သည်မှာ ဝန်ကြီးဌာနသို့မဟုတ် သက်ဆိုင်ရာဝန်ကြီးဌာနက တံတားကြီးများနှင့် စပ် လျဉ်း ၍ တာဝန်ပေးအပ်ထားသည့်  ဦးစီးဌာနကိုဆိုသည် ဟု ပြင်ဆင်ထားသဖြင့် အပိုဒ် ၂(င)ပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှုရှိစေရန်အတွက် အမျိုးသားလွှတ်တော်၏ပြဋ္ဌာန်း ချက်အတိုင်း အတည်ပြုပြဋ္ဌာန်းရန် တင်ပြအပ်ပါကြောင်း။

 

ပုဒ်မ ၂(ဆ) တွင်လည်း ကော်မတီဆိုသည်မှာ  တံတားကြီးတည်ဆောက် ထိန်းသိမ်းထားသည့် သက်ဆိုင်ရာ စည်ပင်သာယာရေးကော်မတီကို ဆိုသည်ဟု အမျိုး သားလွှတ်တော်က ပြဋ္ဌာန်းထားပါကြောင်း၊ ပြည်သူ့လွှတ်တော်က ကော်မတီဆိုသည် မှာ တံတားကြီးတည်ဆောက် ပြုပြင်ထိန်းသိမ်းထားသည့် နေပြည်တော်စည်ပင်သာယာ ရေးကော်မတီ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့်  မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီတို့ကို ဆိုသည် ဟု ပြင်ဆင်ထားသဖြင့်  အဓိပ္ပာယ်ပြည့်စုံ ပြီးဖြစ်သည့်  အမျိုးသားလွှတ်တော်၏ ပြဋ္ဌာန်းချက်အတိုင်း အတည်ပြုပြဋ္ဌာန်းရန် ဆွေးနွေးတင်ပြအပ်ပါကြောင်း။

 

ဆက်လက်၍  အခန်း(၉)  အထွေထွေပြဋ္ဌာန်းချက် အပိုဒ်(၁၈)တွင် လုံခြုံရေး လိုအပ်ချက်အရ ဆောင်ရွက်ရန်လိုအပ်သော မိုင်းရှင်းခြင်း၊ မိုင်းရှာခြင်း လုပ်ငန်းစဉ်များ ဆောင်ရွက်ခြင်းနှင့် လုံခြုံရေးစခန်းများချထားခြင်းအား ဝန်ကြီးဌာနနှင့်  ညှိနှိုင်းဆောင်ရွက်ရမည်ဟု အမျိုးသားလွှတ်တော်က အသစ်ဖြည့်စွက်ပြဋ္ဌာန်းထားပြီး ပြည်သူ့လွှတ်တော်က ပယ်ဖျက်ထားပါကြောင်း၊ လုံခြုံရေးလိုအပ်ချက်အရ ဆောင်ရွက် နိုင်ရန် ပြဋ္ဌာန်းထားရခြင်း ဖြစ်သည့်အတွက်  အမျိုးသားလွှတ်တော်၏ အသစ်ဖြည့်စွက် ချက်အပိုဒ် (၁၈)ကို ပြန်လည်ထည့်သွင်းဖော်ပြရန် ဆွေးနွေး တင်ပြ အပ်ပါကြောင်း။

 

ထို့ကြောင့် အမျိုးသားလွှတ်တော်၏အတည်ပြုပြဋ္ဌာန်းချက်အပိုဒ် ၂(ဂ)၊(ဃ)၊(င)၊ (စ)၊(ဆ) နှင့် အသစ်ဖြည့်စွက်ချက် အပိုဒ် (၁၈)တို့အား အမျိုးသားလွှတ်တော်မှပြဋ္ဌာန်း ထားသည့် အတိုင်း အတည်ပြု ပြဋ္ဌာန်းရန် တင်ပြအပ်ပါကြောင်း ဆွေးနွေးသည်။

 

အဆိုပါ ပြင်ဆင်ချက် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးစိုးသိန်း(ခ) ဦးမောင်စိုး နှင့် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကိုကိုနိုင် တို့က ဆက်လက်ဆွေးနွေးကြသည်။

 

ဆက်လက်၍ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးလှမြင့်(ခ) ဦးလှမြင့်သန်း ၏ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအနေဖြင့် မြေယာအုပ်ချုပ်ရေးကဏ္ဍ တွင် ပိုမိုထိရောက်စွာနှင့် ရှင်းလင်းလွယ်ကူမြန်ဆန်စွာ ဆောင်ရွက်နိုင်ရန် ခိုင်မာမှန်ကန် သော မြေယာဆိုင်ရာ အချက်အလက်များ ရရှိရေး မြေယာမှတ်ပုံတင်လုပ်ငန်းကို မဖြစ် မနေဆောင်ရွက်ရန် လိုအပ်လျက်ရှိရာ ထိုသို့ ဆောင်ရွက်ရန် မူလအခြေခံ လိုအပ်ချက် ဖြစ်သည့် တစ်မျိုးတည်းသော မြေပုံစနစ်ဖြင့် မြို့မြေ၊ ရွာမြေနှင့် မြေယာအားလုံးကို ပြုစု မှတ်တမ်းတင်ထားနိုင်ရေး ပြည်ထောင်စုအစိုးရအနေဖြင့် နိုင်ငံတကာမှ ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများနှင့် ပြည်တွင်း/ပြည်ပ ပညာရှင်များ၏ အကူအညီများ ရယူ လျက် တစ်မျိုးတည်းသော မြေပုံစနစ် ပြုစုရေးနှင့် မြေယာမှတ်ပုံတင်ခြင်း လုပ်ငန်းတို့ကို နှစ်ရှည်စီမံကိန်း ချမှတ်ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးထိန်ဝင်း က ၂၀၁၆ခုနှစ် ဇန်နဝါရီ က ထုတ်ပြန်ခဲ့သည့် အမျိုးသားမြေအသုံးချမှုမူဝါဒ စာအုပ်၏ အပိုဒ် (၂) အခန်း (၁) အပိုဒ် ၁၂ (က)တွင် ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနနှင့် ဦးစီးဌာနအသီးသီး ၏ တည်ဆဲမြေနှင် သက်ဆိုင်သည့် မှတ်တမ်းများ၊ မြေပုံများနှင့် မှတ်ပုံတင်စနစ်များကို တပြေးညီ ဖြစ်စေရေးအတွက် ညှိနှိုင်းဆောင်ရွက်ခြင်း၊ စီမံခန့်ခွဲခြင်းနှင့် သတင်းအချက် အလက်များ မျှဝေခြင်း ဆိုသည့် လုပ်ငန်းစဉ် ပါရှိသကဲ့သို့ အပိုဒ် (ဂ)တွင် မြေအသုံးချ ခြင်း၊ မြေလုပ်ပိုင်ခွင့်ချထားခြင်းနှင့် အခြားနည်းအသုံးပြုခြင်းတို့နှင့် စပ်လျဉ်း၍ အငြင်း ပွားမှုများကို လျော့ချခြင်းနှင့် မည်သည့်မြေအငြင်းပွားမှုကိုမဆို လွယ်ကူစွာဖြေရှင်းနိုင် ရေးတို့ကို ဆောင်ရွက်နိုင်ရန် တိကျသော နယ်နိမိတ် မြေပုံများရေးဆွဲခြင်းနှင့် မြေ အမျိုးအစားနှင့် မြေအတန်းအစား သတ်မှတ်သည့်စနစ်များ ထားရှိကျင့်သုံးခြင်းဆိုသည့် မူဝါဒများချမှတ် ထားသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် အဆိုပါ ကိစ္စရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ပေးရန်အတွက် အဆိုကို လေးနက်စွာထောက်ခံပါ ကြောင်း ဆွေးနွေးသည်။

 

ယင်းအဆိုကို ကရင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၄)မှ ဒေါ်နန်းမိုးမိုးထွေး၊ ကရင်ပြည်နယ် မဲဆန္ဒ နယ်အမှတ်(၇)မှ နော်ခရစ္စထွန်း (ခ) ဒေါက်တာအားကာမိုးနှင့် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးဖေချစ် တို့က ဆက်လက်ဆွေးနွေး ကြသည်။

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၁ ရက်မြောက်နေ့ကို မတ် ၆ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ရဲသွင်

 

342019