နေပြည်တော်၊ အောက်တိုဘာ ၂

 

ချင်းပြည်နယ် မင်းတပ်မြို့ အနောက်ရပ်ကွက် ဘုရင့်နောင်လမ်းခွဲရှိ မင်းတပ်-မတူပီ ကားလမ်းမကြီးတစ်လျှောက် နေအိမ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးနေကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်သတင်းများ လုပ်ကြံရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

 

အဆိုပါ သတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ၎င်းသတင်းမှာ သတင်မှားသာဖြစ်ကြောင်း ဖြစ်စဉ်အမှန်မှာ မင်းတပ်မြို့နယ် အတွင်းသို့ PDF အမည်ခံ အကြမ်းဖက်သမားများ ဝင်ရောက်လာကာ လူသစ်စုဆောင်းနေကြောင်းနှင့် ဆက်ကြေးကောက်ခံနေကြောင်း ဒေသခံများ၏ လျှို့ဝှက် သတင်းပေးပို့မှုအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ရန် သွားရောက်စဉ် အကြမ်းဖက်သမားများက စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လာရာလမ်းအတိုင်း ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြောင်း၊ ထိုသို့ဆုတ်ခွာထွက်ပြေးစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များ ၎င်းတို့နောက်သို့ လိုက်လံတိုက်ခိုက်ခြင်း မပြုလုပ်နိုင်ရန်အတွက် အဆိုပါမြို့နယ်အတွင်းရှိ နေအိမ်အချို့အား မီးရှို့ဖျက်ဆီးခဲ့ ကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

 

အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများသည် လူနေအိမ်များကို အကာအကွယ်ရယူ ၍ မြို့/ရွာများအတွင်း တိုက်ပွဲများ ဖော်ဆောင်နေသော အကြမ်းဖက်သမားများ၏ လုပ်ရပ်များကို ဖုံးကွယ်ပေးပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များအပေါ် အပြစ်ပုံချသည့် သတင်းတု၊ သတင်းမှားများဖြင့် ဝါဒဖြန့်ဝေ ရေးသားနေခြင်းသာဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်