မိုင်းယု အောက်တိုဘာ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းကောက်ယူရေး လုပ်ငန်းများကို အောက်တိုဘာ ၁ ရက် နံနက်ပိုင်းမှ စတင်၍ ကောက်ယူလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့ပေါ်နှင့် ရပ်ကွက်/ကျေးရွာများတွင် စာရင်းစစ်၊ စာရင်းကောက် အဖွဲ့များက တစ်အိမ်တက်ဆင်း ဆက်လက်ကောက်ယူလျက်ရှိသည်။
အဆိုပါ ကွင်းဆင်းကောက်ယူနေမှုကို မိုင်းယုမြို့ သန်းခေါင်စာရင်းကောက်ယူရေး ကော်မတီအဖွဲ့ မြို့အုပ်ချုပ်ရေးမှူး ဦးလောထွေး ဦးဆောင်သည့် စာရင်းစစ်နှင့် စာရင်းကောက်ယူရေး အဖွဲ့ဝင်များက မြို့ပေါ်နှင့် ရပ်ကွက်/ကျေးရွာများရှိ ကောက်ကွက်(၁၁)ကွက်၌ Mobile Tablet များအသုံးပြု၍ အိမ်ထောင်စုမေးခွန်းပုံစံ (၆၈)ခု၊ အဖွဲ့အစည်းမေးခွန်းပုံစံ (၁၈)ခုဖြင့် တစ်အိမ်တက်ဆင်း ကောက်ယူလျက်ရှိကြောင်း သိရသည်။
ကိုကိုနိုင်


