ပုသိမ်         အောက်တိုဘာ     

၂၀၂၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောက်တိုဘာ ()ရက်မှ (၁၅)ရက်အထိ  စာရင်းစစ်၊ စာရင်းကောက် အဖွဲ့များဖြင့် စတင်ကောက်ယူဆောင်ရွက် နေပြီဖြစ်ရာ ထိုသို့ကောက်ယူနေမှုများကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့်အတူ နေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုအားပေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့်အဖွဲ့သည် မြန်အောင်ခရိုင်၊ ကြံခင်းမြို့ ရွာသစ်ရပ်ကွက်နှင့် မြို့မရပ်ကွက်များ၌  တစ်အိမ်တက်ဆင်း သန်းခေါင်စာရင်း ကောက်ယူ နေမှုကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် နှင့်အဖွဲ့သည် ကြံခင်းမြို့နယ်၊ တလိုင်းကွင်း ကျေးရွာရှိ တောင်သူဦးနန္ဒာနေမျိုးမောင်၏ ရေကြီးနစ်မြုပ်မှုကြောင့် စပါးပျက်စီး ()ဧကတွင် ရက်(၉၀)စပါးမျိုးအား ကောက်စိုက်သမများဖြင့် စိုက်ပျိုးနေမှုကို လည်းကောင်း၊ ပိုက်ဆံလျှော်()ဧက မျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုးနေမှုကိုလည်းကောင်း၊ ရေကြီးနစ်မြုပ်ထိခိုက်လယ်မြေများကို ဓာတ်မြေဩဇာစုပေါင်း ကြဲပက်နေမှုကိုလည်းကောင်း ကြည့်ရှုအားပေးပြီး ကောက်စိုက်သမများကို စားသောက်ဖွယ်ရာများ ပေးအပ်သည်။

 

ယင်းနောက် မြန်အောင်မြို့နယ်၊ တာမိုင်(/၆မှ၅/)အကြား ကမ်းပြိုကာကွယ်ရေး လုပ်ငန်းဆောင်ရွက် ထားရှိမှု အခြေအနေများကိုလည်းကောင်း၊  မကျီးစုတာ၊ တာမိုင်()မိုင်() ဖာလုံရှိ ကမ်းပြိုမှုအခြေ အနေများနှင့် မြန်အောင်မြို့၊လွန်ဆေးမြိုင် ပန်းခြံအနီး ကမ်းပြိုမှုအခြေအနေကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး  လိုအပ်သည်များ မှာကြားသည်။

 

ဆက်လက်၍ အင်္ဂပူမြို့အမှတ်()ရပ်ကွက်နှင့် ဟင်္သာတမြို့၊ တာငါးဆယ်တောင်ရပ်ကွက်၌ တစ်အိမ်တက် ဆင်းသန်းခေါင်စာရင်း ကောက်ယူနေမှုများနှင့် စာရင်းကောက်များ ဘာသာစကား အခက် အခဲမရှိစေရေး အထောက်အကူပြုအဖွဲ့များက ကူညီဆောင်ရွက်ပေးနေမှု၊ ပြည်သူများက စိတ်ပါဝင်စားစွာ ဖြေကြားနေမှုများကိုကြည့်ရှုအားပေးသည်။

 

ထို့နောက် နိုင်ငံတော်စီ မံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် တွေ့ဆုံပွဲသို့ တက်ရောက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ပြည်သူများအနေဖြင့် မိမိတို့ ကျရာ အခန်းကဏ္ဍ၌ မိမိတို့တိုင်းဒေသကြီး တည်ငြိမ်အေးချမ်းရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများဖြင့် ဝိုင်းဝန်းကူညီ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း အဖွင့်အမှာစကား ပြောကြားသည်။

 

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပျက်စီးစိုက်ဧကများအား ပြည်လည်ဖြည့်တင်း စိုက်ပျိုးရမည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး ထိခိုက်ပျက်စီးခဲ့သည့် မိုးစပါးစိုက် ဧကများ အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာမြို့နယ်များမှ တောင်သူများထံသို့ မျိုးစပါးနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ခဲ့ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် က နိဂုံးချုပ် အမှာစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)