ပင်းတယ အောက်တိုဘာ ၄

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာ ၁ ရက် နံနက် ၇ နာရီမှ စတင်ဆောင်ရွက်ခဲ့ပြီး ယနေ့တွင်လည်း ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရသည်။

 

ပင်းတယမြို့နယ်တွင် ရပ်ကွက်ပေါင်း (၁၃)ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း (၂၇)အုပ်စုတို့တွင် သန်းခေါင်စာရင်းကောက်ကွက် (၁၆၈)ကွက်ရှိပြီး သန်း‌ခေါင်စာရင်း‌ ကောက်ယူ‌ရေးအဖွဲ့ပေါင်း (၁၂)ဖွဲ့၊ ကျောင်းဆရာ၊ ဆရာမ (၆၃)ဦးနှင့် ရပ်ကွက်/ကျေးရွာ စာရေးနှင့် အုပ်ချုပ်ရေးမှူးများ ပါဝင်သောအဖွဲ့ဖြင့် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ နေ့စဉ် နံနက် ၇ နာရီမှ ညနေ ၆ နာရီအထိ စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း၊ အဆိုပါ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနေမှုတို့အား ဒေသ သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက လိုအပ်သည်များ ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

အောင်ကိုဦး(ပြန်/ဆက်)