နေပြည်တော်၊ အောက်တိုဘာ ၄

 

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် အောက်တိုဘာ ၁ ရက်က မန္တလေးနည်းပညာတက္ကသိုလ်သို့ ရောက်ရှိပြီး စာမေးပွဲခန်းများအတွင်း ကျောင်းသား၊ ကျောင်းသူများ အင်ဂျင်နီယာ ဘာသာရပ်အလိုက် အေးချမ်းစွာ စာမေးပွဲဖြေဆိုနေမှုကို လိုက်လံကြည့်ရှု အားပေးသည်။

 

ထို့နောက် မန္တလေးနည်းပညာ တက္ကသိုလ်၌ ကျင်းပသည့် အင်ဂျင်နီယာပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက် အဖွင့်အမှာစကား ပြောကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ တက္ကသိုလ်စာ ကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုလေ့လာ၍ သုတ၊ ရသ စာအုပ်များကို တက္ကသိုလ်တာဝန်ခံ ဒုတိယ ပါမောက္ခချုပ်ထံ ပေးအပ်လှူဒါန်းသည်။

 

ယင်းနောက် တက္ကသိုလ်၏ Master Plan နှင့် ဥပဓိရုပ်တင့်တယ်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး အမှန်တကယ် အထောက်အကူပြုနိုင်မည့် အင်ဂျင်နီယာလူငယ်များကို စံနှုန်းများအတိုင်း စဉ်ဆက်မပြတ် ပျိုးထောင်ပေးနိုင်ရေး အလေးထား ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်

mdn