နေပြည်တော်၊ အောက်တိုဘာ ၄
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် ယနေ့ညနေပိုင်းတွင် ပုဗ္ဗသီရိမြို့နယ် ဆင်သေချောင်းကူးတံတား (ပုပ္ပါးကုန်း) သို့ ရောက်ရှိပြီး ဆင်သေချောင်း ရေလမ်းကြောင်းပြောင်းလဲမှု၊ ချောင်းကမ်းပါးတိုက်စားမှုများ ပြန်လည်ပြုပြင်မည့် အခြေအနေ၊ ချောင်းကမ်းထိန်းနံရံ ဆောင်ရွက်မည့် အခြေအနေနှင့် တံတားချဉ်းကပ်လမ်း ပြင်ဆင်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြပြီး နေပြည်တော် ကောင်စီဥက္ကဋ္ဌက ချောင်းရေစီးကြောင်း မှန်ကန်စေရေး၊ ကမ်းထိန်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေရှည်ခိုင်ခန့်စေရေး၊ တံတားချဉ်းကပ်လမ်းများ ပြုပြင်ရာတွင် စံချိန်စံညွှန်းကိုက်ညီ စေရေးကိစ္စရပ်များကို ဆွေးနွေးမှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


