ရန်ကုန်   အောက်တိုဘာ   ၅

အမုန်းစကား အမုန်းတရားများ မပြန့်ပွားရေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံ၌ ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဘာသာပေါင်းစုံမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံတော်တည်ငြိမ် အေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို   ပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က  လှူဒါန်းသော အလှူငွေကျပ် ၁၂၅ သိန်းကို ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများထံပေးအပ်သည်။

ထို့နောက် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးမှသည် ငြိမ်းချမ်းရေးဆီသို့ ဆောင်ပုဒ်ဖြင့် အမုန်းစကား အမုန်းတရား မပြန့်ပွားရေး ဟောပြောပွဲကို ဆက်လက်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်