စစ်တွေ  ၄  မတ် 

 

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အလယ်ရွာတွင် ယနေ့နံနက် ၁ နာရီကျော်က   မီးလောင်ကျွမ်းမှုဖြစ်ပွားရာ နေအိမ်လေးလုံးနှင့် ဆိုင်ခန်းတစ်ခန်း မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ မောင်တောမြို့ အလယ်ရွာနေ မာမတ်အာလာမ်၏ နေအိမ် မီးဖို မီးကြွင်း မီးကျန်မှတဆင့် အနီးရှိ ဝါးထရံသို့မီးကူးစက်လောင်ကျွမ်းခဲ့ပြီး ထိုမှတစ်ဆင့် ဘေးအိမ်များသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

 

မီးလောင်ကျွမ်းသည့်နေရာသို့ မောင်တောခရိုင်မီးသတ်ဦးစီးမှူးရုံးမှ မီးသတ်တပ် ဖွဲ့ဝင်များက မီးသတ်ယာဉ် ၃ စီးဖြင့် မီးငြိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း၊ မီးလောင်ကျွမ်းမှုကြောင့် လူများထိခိုက်ဒဏ်ရာရ ရှိမှု မရှိဘဲ  မီးဘေးဒုက္ခသည် ၂၃ ဦးအား နီးစပ်ရာဆွေမျိုးများ နေအိမ်တွင် ယာယီနေရာချ ထား ပေးခဲ့ကြောင်း၊ မီးစတင်လောင်ကျွမ်းရာ နေအိမ်ပိုင်ရှင်အား မောင်တောမြို့မ ရဲစခန်း၌ အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။    

 

(ဟန်လင်းထက်)

 

12.