နေပြည်တော် အောက်တိုဘာ

 

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ကွမ်းခြံကျေးရွာအနီး ကွင်းအမှတ် (၁၇၃၂)အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တောင်သူ ဦးကျော်ဆန်း၏ မိုးစပါးစိုက်ခင်းဧက ၁၆ ဧကတွင် နေပြည်တော်စက်မှုလယ်ယာဦးစီးဌာနမှ ခြောက်တန်းသွား ကောက်စိုက်စက်များဖြင့် မိုးစပါးများ ပြန်လည် စိုက်ပျိုးပေးနေမှုကို သွားရောက်ကြည့်ရှုသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ဌာနဆိုင်ရာများ၊ တောင်သူများနှင့်တွေ့ဆုံ၍ နေပြည်တော် အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လယ်ယာမြေများကို အမြန်ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် မြေပြုပြင်ခြင်းလုပ်ငန်းများ၊ ရေထုတ်မြောင်း၊ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေး၊ စိုက်ပျိုးရေးရရှိရေး၊ တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ရေး တို့ကို အစီအမံများရေးဆွဲကာ ဆောင်ရွက်စေလိုကြောင်း၊ လယ်ယာသုံးစက်ကိရိယာများကို စက်စွမ်းအားပြည့်ဖြင့် ဆောင်ရွက်ပေးနိုင်ရေးကို အလေးထားဆောင်ရွက် ကြရမည်ဖြစ်ကြောင်း မှာကြားကာ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးသည်။

 

ဆက်လက်၍ လယ်ဝေးမြို့နယ်၊ ပျဉ်းမနားမြို့ရှောင်လမ်း မိုင်တိုင်အမှတ်(၂၁၂/)တွင် လမ်းဦးစီးဌာနမှ လမ်းသားပျက်စီးနေမှုများကို ခြစ်ထုတ်ခြင်း၊ ပြုပြင်ခြင်းလုပ်ငန်းများကို စက်ယန္တရားများဖြင့် ဆောင်ရွက်နေ မှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)