ရန်ကုန် အောက်တိုဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် သန်းခေါင်စာရင်းကော်မတီ၏ ကြီးကြပ်မှု မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအား မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်များက ၄/မြောက်ရပ်ကွက်၊ ၅/ရပ်ကွက်နှင့် ရှုခင်းသာရပ်ကွက်များရှိ သန်းခေါင်စာရင်း ကောက်ကွက်များတွင် အောက်တိုဘာ ၇ ရက် နံနက်ပိုင်းက သတ္တမမြောက်နေ့အဖြစ် ဆက်လက်ကောက်ယူခဲ့ကြသည်။
သာကေတမြို့နယ်တွင် ရပ်ကွက်ပေါင်း ၁၉ ရပ်ကွက်၌ ကောက်ကွက်ပေါင်း ၄၆၁ ကွက်ရှိကာ အောက်တိုဘာ ၁ ရက်မှ ၆ ရက် ညနေ ၆ နာရီထိ ကောက်ကွက်ပေါင်း ၂၀၂ ကွက်၌ လူဦးရေ ၈၄၉၂၁ ဦး ကောက်ယူနိုင်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၄၄ ဒဿမ ၈ ရာခိုင်နှုန်း ကောက်ယူပြီးဖြစ်ကြောင်း မြို့နယ်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူးထံမှ သိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)


