ညောင်ရွှေ အောက်တိုဘာ ၇
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များသည် ညောင်ရွှေမြို့နှင့် အင်းလေးအတွင်း ရေကြီးရေလျှံမှုဖြစ်ပေါ်နေသဖြင့် ဒေသစာရီကြွချီပူဇော်ခံပွဲ ကျင်းပနိုင်ခြင်းမရှိသည့်အတွက် အောက်တိုဘာ ၇ ရက် နံနက်ပိုင်းတွင် ဒေသစာရီ ကြွချီပူဇော်ခံရာဌာနဖြစ်များသည့် ငါးဖယ်ချောင်းကျေးရွာနှင့် ကြေးစာကုန်းကျေးရွာတို့မှ ဆွမ်းဒါယကာ၊ ပန်းဒါယိကာမများနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံများသည် မူလစံကျောင်းတော်၌ ဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များအား ဖူမြော်ကြည်ညို၍ ဆွမ်းတော်၊ ပန်းတော်၊ ရေချမ်းတော်များနှင့် ရွှေသင်္ကန်းတော်များ လာရောက်ကပ်လှူပူဇော်လျက်ရှိကြကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ (ပြန်/ဆက်)