ဘိုကလေး အောက်တိုဘာ ၇

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအား အောက်တိုဘာ ၇ ရက် နံနက်ပိုင်း၌ မြို့နယ်တွင်းရှိ စာရင်းကောက်ကွက် ၈၁၄ ကွက်အတွင်း စာရင်းကောက်၊ စာရင်းစစ် ၅၈ ဖွဲ့ခွဲ၍ ကောက်ယူနေမှုများကို တာဝန်ရှိသူများက ကျေးရွာများအရောက် လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

 

မိုးစက်(ဘိုကလေး)