ရန်ကုန် အောက်တိုဘာ ၇
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ Good Things Assessment Center အား သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် စင်တာတာဝန်ခံက Assessment Center တည်ထောင်ဖွင့်လှစ်မှုနှင့် ဂဟေဆက် အလုပ်အကိုင် စစ်ဆေးအကဲဖြတ်မှု လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက Assessment Center တွင် အသုံးပြုမည့် စက်ပစ္စည်းများ ကြံ့ခိုင်မှုရှိရန်နှင့် Assessor များ ကျွမ်းကျင်မှုရှိရေး Chief Assessor ၏ ဦးဆောင်မှုဖြင့် ကျွမ်းကျင်လုပ်သားများ ပိုမိုမွေးထုတ်ပေးရန် မှာကြားပြီး လုပ်သားများအား လေ့ကျင့်သင်ကြားပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
ထို့ပြင် ဒုတိယဝန်ကြီးသည် နံနက်ပိုင်းက ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း)၌ ဖွင့်လှစ်သည့် စားသောက်ဆိုင် ဝန်ဆောင်မှုသင်တန်း အမှတ်စဉ် (၂/၂၀၂၄) သင်တန်းဖွင့်ပွဲသို့ တက်ရောက်အမှာစကား ပြောကြားပြီး သင်တန်းသားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးသည်။
ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း(ရန်ကင်း)ကို ၁၉၇၂ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး အလုပ်အကိုင်ရှာဖွေနေသူ လူငယ်လူရွယ်များအတွက် ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသော အလုပ်အကိုင်များဖြစ်သည့် လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း၊ ဂဟေဆက်ခြင်း၊ လေအေးပေးစက် တင်ဆင်/ ပြုပြင်ခြင်း၊ မော်တော်ယာဉ် စက်ပြင်နှင့် ဆောက်လုပ်ရေး အလုပ်အကိုင်များအတွက် ကျွမ်းကျင်မှုသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်


