နေပြည်တော် အောက်တိုဘာ ၇
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာနက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ထိန်းသိမ်းထားသော ရေလှောင်တမံနှင့် ရေထိန်းတမံ စုစုပေါင်း (၁၂)ခု ရှိရာ အောက်တိုဘာ ၇ ရက်၌ ပေါင်းလောင်းရေလှောင်တမံတွင် (၃ ဒသမ ၇၇)ပေ ကန်ရေပြည့်အမှတ်အထက် ကျော်လွန်၍ ရေပိုလွှဲမှ ရေကျော်စီးဆင်းနေပြီး ယခင်နေ့နှင့် နှိုင်းယဉ်ပါက ရေကျော်စီးဆင်းမှု အခြေအနေမှာ (၁ ဒသမ ၀၈)ပေ တိုးလာခြင်း ဖြစ်သည်။ ရေပိုလွှဲ၏ ကန်ရေပြည့်ရေမှတ် အထက်တွင် HED ရေတံခါး(၄)ချပ်ထောင်ထားသည်။
အဆိုပါရေလှောင်တမံများ၏ ကြံ့ခိုင်မှု အခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး တာဝန်ကျဝန်ထမ်းများကို (၂၄)နာရီ ရေကင်းတာဝန်ချထား၍ အနီးကပ်စောင့်ကြပ်စစ်ဆေးလျက်ရှိကြောင်း စိုးရိမ်ရန်မရှိကြောင်း သိရသည်။
(သတင်းစဉ်)


