ဒါကာ အောက်တိုဘာ ၈
ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် စက်တင်ဘာလအတွင်း လမ်းမတော်တဆမှု၊ ရထားမတော်တဆမှုနှင့် ရေကြောင်း မတော်တဆမှုပေါင်း ၃၉၂ ကြိမ်ဖြစ်ပွားရာ လူပေါင်း ၄၂၆ ဦး သေဆုံးပြီးအခြား ၈၁၃ ဦး ထိခိုက်ဒဏ်ရာရ ရှိခဲ့ကြောင်း တနင်္လာနေ့တွင် ထုတ်ပြန်သော အစီရင်ခံ စာတစ်စောင်တွင် ဖော်ပြထားသည်။
အစိုးရအဖွဲ့အစည်း မဟုတ်သော လမ်းအန္တရာယ်ဘေးကင်းရေး ဖောင်ဒေးရှင်းအဖွဲ့၏ ထုတ်ပြန်ချက်အရ သေဆုံးသူ များတွင် အမျိုးသမီး ၆၁ ဦးနှင့် ကလေးငယ် ၅၃ ဦး ပါဝင် ကြောင်း သိရသည်။ မော်တော် ဆိုင်ကယ် မတော်တဆမှု ၁၆၄ ကြိမ်ဖြစ်ပွားမှုတွင် လူပေါင်း ၁၇၉ ဦးသေဆုံးပြီး ယင်းမှာ စုစုပေါင်း သေဆုံးမှု၏ ၄၂ ရာခိုင်နှုန်းခန့်ရှိသည်ဟု ဆိုသည်။
ထို့အပြင် ရေကြောင်း မတော်တဆမှု ရှစ်ကြိမ်တွင် ၁၁ ဦးသေဆုံးပြီး အခြား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း၊ နှစ် ဦးမှာ ပျောက်ဆုံးနေဆဲဖြစ် ကြောင်းနှင့် ရထားမတော်တမှု ၁၇ ကြိမ်တွင် ၁၃ ဦးသေဆုံးပြီး ကိုးဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။
ဆင်ဟွာ