ညောင်ဦး အောက်တိုဘာ ၉
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ ငှက်ပစ်တောင်ရပ်ကွက်၊ ငှက်ပစ်တောင်ဘုရားသွား စောင်းတန်း မိုးရွာသွန်းမှုများခြင်းကြောင့် ထနောင်းပင် စောင်းတန်းပေါ်သို့ လဲကျခြင်းကြောင့် ပျက်စီးသွားသည့် စောင်းတန်းအခြေအနေများအား ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ ပြန်လည်ပြုပြင်နိုင်ရေး ယနေ့ နံနက် ၉ နာရီက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်၊ အဖွဲ့ဝင် ဦးဆန်းထွန်းဦး၊ ခရိုင်သာသနာရေးမှူး ဦးနေလင်းသိန်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ တာဝန်ရှိသူများသည် စက်တင်ဘာ ၂၀ ရက်က မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ ထနောင်ပင်လဲကျပြီး ငှက်ပစ်တောင်ဘုရားသွား စောင်းတန်းပျိုကျ ပျက်စီးခဲ့ခြင်းအား အမြန်ဆုံး ပြန်လည်ပြုပြင်နိုင်ရေးနှင့် မူလအလှူရှင်များ ပြန်လည်ဆက်သွယ်၍ ပြန်လည်ပြုပြင်နိုင်ပါက ပြန်လည်ပြုပြင်နိုင်ရေး၊ ပျိုကျပျက်စီးမှုတွင် ၈ ပေပတ်လည် ၉ ခန်း ပျက်စီးခဲ့ကာ သွပ်မိုး၊ အုတ်တိုင်၊ ကွန်ကရစ်ခင်းထားခြင်းဖြစ်ကြောင်း၊ ခေတ်လက်ရာစောင်းတန်းဖြစ်ပြီး ၁၃၆၀ ခုနှစ်၊ မြန်မာပြည်အနယ်နယ်အရပ်ရပ်မှ လှူဒါန်းထားခြင်းဖြစ်၍ နှစ်ပေါင်း ၂၆ နှစ်ခန့် စောင်းတန်းဖြစ်ကြောင်း သိရသည်။
ဒီပါလင်း


