မောင်သာ(ရှေးဟောင်းသုတေသန)
ဓာတ်ပုံ ဇေယျထွန်း(Sterling Travels and Tours)

 

ယဉ်ကျေးမှု အစဉ်အလာကြီးမားခဲ့သည့် ရခိုင်တိုင်းရင်းသား များ နေထိုင်သည့် ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အနောက်ပိုင်းတွင် တည်ရှိသည်။ သမိုင်းတစ်လျှောက် မြန်မာ ဘုရင်များနှင့် ခေတ်ပြိုင်နန်းပြိုင် မြို့ပြများတည်ထောင်ခဲ့သည့်ရခိုင်ပြည်နယ်တွင် ဒြပ်ရှိ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များစွာ ကျန်ရှိနေသည့်အနက် မြောက်ဦး ရှေးဟောင်းနယ်မြေကိုယူနက်စကို အဖွဲ့သို့ က္ဘာ့ အမွေအနှစ်ဒေသအမည်စာရင်း တင်သွင်းရန် နိုင်ငံတော်အစိုးရက စီစဉ်လျက်ရှိသည်။


ရခိုင်ပြည်နယ်ကို ခရိုင် ငါးခရိုင်၊ မြို့နယ် ၁၇ မြို့နယ်ဖြင့်ဖွဲ့စည်းထားကာ ပြည်နယ်မြို့တော်သည် စစ်တွေမြို့ဖြစ်သည်။လမ်းပန်းဆက်သွယ်ရေး တိုးတက်ကောင်းမွန်လာခဲ့သဖြင့်ယခင်က ရေလမ်းဖြင့်သာ အဓိက သွားရောက်နိုင်သည့် ရခိုင်ပြည်နယ်သို့ ယခုအခါတွင် ကုန်းလမ်းခရီးဖြင့် လျင်မြန်လွယ်ကူစွာ သွားရောက်နိုင်ကြပြီဖြစ်သည်။ စစ်တွေနှင့် သံတွဲမြို့သို့ယခင်ကပင် လေကြောင်းခရီးဖြင့် သွားလာနိုင်ခဲ့သည်။

 

ပြည်နယ်မြို့တော် စစ်တွေ
ပြည်ထဲရေးဝန်ကြီးဌာန၏ မှတ်တမ်းများအရ အင်္ဂလိပ်- မြန်မာ ပထမစစ်ပွဲဖြစ်ပွားပြီးနောက်၁၈၂၆ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်တွင် ရခိုင်ဒေသသည် ဗြိတိသျှတို့ လက်အောက်သို့ကျရောက်ခဲ့သည်။ ဗြိတိသျှတို့သည်အစောပိုင်းတွင် မြောက်ဦး ၌ အခြေချကာ အုပ်ချုပ်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့သော်လည်း ၁၈၃၆ ခုနှစ်တွင် အချက်အချာပိုမိုကောင်းမွန်သည့်စစ်တွေမြို့သို့ ပြောင်းရွှေ့ ရုံးစိုက်ခဲ့သည်။


စစ်တွေမြို့သည် ကုလားတန်မြစ်ဝနှင့် မယူမြစ်ဝတို့ ဆုံသည့် နေရာတွင်ရှိသဖြင့် ပင်လယ်လေ ကောင်းစွာရရှိပြီး စစ်ရေးအရ အချက်အချာကျသည့် နေရာလည်းဖြစ်သည်။ ရှေး ယခင်က စစ်တွေမြို့နေရာတွင် စခန်းချခဲ့သည့် စစ်တဲကြီးကိုအစွဲပြု၍ စစ်တဲမှ စစ်တေး၊ စစ်တွေဟု အဆင့်ဆင့်ပြောင်းလဲခဲ့သည်ဟု ဆိုသည်။ စစ်တွေမြို့၏ အနောက်ဘက် နှစ်မိုင် အကွာ ၌ အာကျပ်တော်ကုန်းရှိသဖြင့် ဗြိတိသျှတို့သည် စစ်တွေမြို့ကိုထူထောင်ပြီးနောက် အာကျပ်(ဗုပဘေ) ဟု ခေါ်ဆိုခဲ့ကြသည်။


စစ်တွေမြို့နယ်သည် အရှေ့မှ အနောက်သို့ ၉ ဒသမ ၈၈ မိုင်၊ တောင်မှမြောက်သို့ ၁၃ ဒသမ ၂၄ မိုင်ရှည်လျားပြီး စစ်တွေမြို့၏ အကျယ်အဝန်းသည် ခြောက်စတုရန်းမိုင်ဖြစ်သည်။ စစ်တွေမြို့၏ အရှေ့ဘက်တွင် ပေါက်တောမြို့နယ်နှင့်ကုလားတန်မြစ်၊ အနောက်ဘက်နှင့် တောင်ဘက်တွင်ဘင်္ဂလားပင်လယ်အော်၊ မြောက်ဘက်တွင် ပ္ဏုားကျွန်း မြို့နယ်နှင့် ရသေ့တောင် မြို့နယ်တို့ တည်ရှိနေသည်။


စစ်တွေမြို့နယ်သည် တောင်ကုန်းတောင်တန်းများမရှိသည့်မြေမျက်နှာပြင်ညီညာသည့် ပင်လယ်ကမ်းခြေ ဒေသ ဖြစ်ကာ ပင်လယ်ရေမျက်နှာပြင် အထက် ၁၅ ပေသာမြင့်သည်။ ပူအိုက်စွတ်စိုသော ရာသီဥတုရှိပြီး လေးနှစ်အတွင်း ဆောင်း ရာ သီတွင်အနိမ့်ဆုံး အပူချိန်သည် ၁၃ ဒသမ ၇ ဒီဂရီ စင်တီဂရိတ်ဖြစ်၍ နွေရာ သီ အမြင့်ဆုံးအပူချိန်သည် ၃၄ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်ဖြစ်သည်။ စစ်တွေမြို့နယ်တွင် နှစ်စဉ် မိုးရေ ချိန် လက်မ ၂၀ဝ ကျော်ရွာသွန်းခဲ့သော်လည်း ၂၀၁၇ ခုနှစ်တွင် မိုးရေချိန် ၄၈ လက်မသာ ရွာသွန်းခဲ့သည်။


၂၀၁၇ ခုနှစ် မတ်လတွင် ထုတ်ပြန်သည့် စာရင်းများအရ စစ်တွေမြို့နယ်ကို ရပ်ကွက် ၃၃ ခု၊ ကျေးရွာအုပ်စု ၂၇ အုပ်စု၊ ကျေးရွာ ၈၇ ရွာဖြင့် ဖွဲ့စည်းထား၍ မြို့နယ် လူဦးရေ ၂၂၉၃၇၆ ဦးအနက် ရခိုင်တိုင်းရင်းသားများက ၁၃၆၈၆၉ ဦးရှိကာ အများဆုံးဖြစ်သည်။စစ်တွေမြို့တွင် လေယာဉ်ကွင်းတစ်ခု၊ ရဟတ်ယာဉ်ကွင်း ခြောက်ခုနှင့် သင်္ဘောဆိပ်များရှိကာ လေယာဉ်ကွင်းရှိသော မြို့များသို့ လေယာဉ်ဖြင့် သွားရောက်နိုင်သကဲ့သို့ ရေကြောင်း ခရီးဖြင့် ရေမိုင် ၈၀ ကွာဝေးသည့် ဘူးသီးတောင်၊ ရေမိုင် ၄၀ ကွာဝေးသည့် ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ ရေမိုင် ၁၆ မိုင်ကွာဝေးသည့် ပ္ဏုားကျွန်း၊ ရေမိုင် ၁၂၈ မိုင်ကွာဝေးသည့်ကျောက်ဖြူ၊ ရေမိုင် ၂၂၄ မိုင်ကွာဝေးသည့် တောင်ကုတ်၊ မာန်အောင်၊ ရေမိုင် ၁၇၆ မိုင်ကွာဝေးသည့် ရမ်းဗြဲ၊ ရေမိုင် ၇၀ ကွာ ဝေးသည့်ကျောက်တော်၊ ရေမိုင် ၆၄ မိုင်ကွာဝေးသည့် မြေပုံနှင့်ရေမိုင် ၁၆ မိုင်ကွာဝေးသည့် ပေါက်တောမြို့တို့သို့ သွား ရောက်နိုင်သည်။ ယခုအခါတွင်ရန်ကုန်မြို့မှ ၅၃၄ မိုင်ကွာဝေး သည့် စစ်တွေမြို့သို့ မော်တော်ကားဖြင့် တိုက်ရိုက်သွားနိုင်ပြီဖြစ်သည်။


စီးပွားရေးကောင်းမွန်သော စစ်တွေမြို့တွင် အဓိက ရောင်း ဝယ်ဖောက်ကားနေသည့် ဈေးကြီး နှစ်ခုမှာ ဆိုင်ခန်း ၈၂၆ ခန်းရှိသည့် မြို့မဈေးကြီးနှင့် ဆိုင်ခန်း ၁၄၄ ခန်းရှိသည့် မေယုဈေးတို့ဖြစ်ကြသည်။


စစ်တွေမြို့၌ စစ်တွေတက္ကသိုလ်၊ စစ်တွေနည်းပညာ တက္ကသိုလ်နှင့် စစ်တွေကွန်ပျူတာ တက္ကသိုလ်တို့ကို ဖွင့်လှစ်ထားကာ မြို့နယ်အတွင်း၌ အထက်တန်းကျောင်း ရှစ်ကျောင်း၊ အထက်တန်းကျောင်းခွဲ ခြောက်ကျောင်း၊ အလယ်တန်း ကျောင်း ခြောက်ကျောင်း အပါအဝင် အလယ်တန်းကျောင်းခွဲများ၊ မူလတန်းကျောင်းများ၊ မူလတန်းလွန်ကျောင်းများ၊ မူလတန်းကြို ကျောင်းများကို ဖွင့်လှစ်ထားသည်။


မြို့နယ်အတွင်းနေထိုင်ကြသည့် ပြည်သူများအား ခုတင်၅၀ဝ ဆံ့ ပြည်နယ်အစိုးရဆေးရုံကြီးနှင့် ၁၆ ခုတင်ဆံ့ ဆေးရုံတစ်ရုံ၊ အနာကြီးရောဂါ၊ အဆုတ်ရောဂါနှင့်ငှက်ဖျား ရောဂါကုဆေးခန်းသုံးခန်း၊ကျေးလက်ကျန်းမာရေးဌာနခွဲ ၂၄ ခုတို့က ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။


စစ်တွေမြို့နယ်အတွင်း ဘုရားစေတီ ၁၀ ဆူ၊ ဘုန်းကြီး ကျောင်း ၁၇၂ ကျောင်း၊သီလရှင်ကျောင်း လေးကျောင်း ရှိကာ၂၀၁၇ ခုနှစ် စာရင်းများအရ ရဟန်းအပါး ၁၀၃၀၊ သာမ ဏေ ၁၆၉၉ ပါးနှင့် သီလရှင် အပါး ၂၄၀ သီတင်းသုံးလျက်ရှိနေသည်။ စစ်တွေကန်တော်ကြီး၊ ကိုးနဝင်း အေးစေတီ၊ လက်ဝဲ သလုံးတော်ဓာတ်စေတီ၊ လောကနန ́ာစေတီ၊ သကျ မုနိ သံကျောင်း ဘုရားကြီးနှင့် အတုလမာရဇိန် ပြည်လုံး ချမ်းသာ ဘုရားတို့သည် အထင်ရှားဆုံးဖြစ်သည်။ စစ်တွေမြို့ရှုခင်းသာနေရာတွင် မြန်မာနိုင်ငံ၏ ပထမဆုံးမီးပြတိုက်မျှော်စင်ကို ၁၈၄၄ ခုနှစ်တွင်တည်ဆောက်ခဲ့သည်။
စစ်တွေသည် ရခိုင်ပြည်နယ်မြို့တော်ဖြစ်ပြီး လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်ကာ အခြေခံအဆောက်အအုံများ ပြည့်စုံသဖြင့် ရခိုင်ပြည်နယ်၏ အစည်ကား အဖွံ့ဖြိုးဆုံးမြို့ဖြစ်ပေသည်။


ပုဏ္ဏားကျွန်း
စစ်တွေခရိုင်ကို စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နှင့်ပေါက်တောမြို့နယ်များဖြင့် ဖွဲ့စည်းထားရာ ပုဏ္ဏားကျွန်း၊ မြို့နယ်သည် ကုလားတန်မြစ်၏ လက်ဝဲဘက်တွင်တည်ရှိသည်။ပ္ဏုားကျွန်းသည် စစ်တွေမှ မော်တော်ကားလမ်းဖြင့် ၂၁ မိုင်သာ ကွာဝေးသည်။


ရှေးအခါက မြောက်ဦးမှ အခါတော်ဆက် ပ္ဏုားများကိုအမျိုးရောယှက်မှုမရှိစေရန် နေထိုင်ခွင့်ပြုခဲ့သည့် နေရာသည်ပ္ဏုားကျွန်းဟု အမည်တွင်ခဲ့သည်ဟု ဆိုကြသည်။ပ္ဏုား ကျွန်းသည် ရခိုင်ဘုရင်များ လက်ထက်က ဦးရာဇ်တောင်မြို့ဟုထင်ရှားခဲ့ကာ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲပြီးဆုံးပြီး ခရစ်နှစ်၁၈၇၇ ခုနှစ်၊ ဧပြီလ ၁ ရက်တွင် ရသေ့တောင်မြို့နယ်ခွဲဖြစ်ခဲ့ပြီး ၁၈၉၁ ခုနှစ် ဇူလိုင်လ ၁ ရက်တွင် ကျောက်တော်မြို့နယ်ခွဲဖြစ်ခဲ့သည်။ ထိုစဉ်က ပ္ဏုားကျွန်းသည် ဦးရာဇ်တောင် စေတီတော်ခြေရင်းရှိ မင်းဂံနှင့် နတ်ဆိတ်မ ရွာအနီး၌ တည်ရှိခဲ့သည်။


ဦးရာဇ်တောင်မြို့သည် ၁၈၆၈ ခုနှစ် အောက်တိုဘာလ ၂၃ ရက် (မြန်မာသက္ကရာ ဇ် ၁၂၃၀ ပြည့်နှစ် တန်ဆောင်မုန်း လဆန်း ၉ ရက်)တွင် မုန်တိုင်းဒဏ်ကြောင့် များစွာပျက်စီးခဲ့သဖြင့် ယခု ပ္ဏုားကျွန်းမြို့နေရာသို့ ပြောင်းရွှေ့ခဲ့သည်။


ပုဏ္ဏားကျွန်း၊ မြို့နယ်သည် အရှေ့မှ အနောက်သို့ ၂၁ မိုင်၊ တောင်မှမြောက်သို့ ၅၅ မိုင်ရှည်လျားကာ ပ္ဏုားကျွန်းမြို့၏ အကျယ်အဝန်းသည် သုည ဒသမ ၅၂ စတုရန်းမိုင်သာရှိသည်။ပ္ဏုားကျွန်းမြို့၏ အရှေ့ဘက်တွင် ပေါက်တောမြို့နယ်နှင့်မြောက်ဦးမြို့နယ်၊ အနောက်ဘက်တွင် ရသေ့တောင်မြို့နယ်နှင့်ဘူးသီးတောင်မြို့နယ်၊ တောင်ဘက်တွင် စစ်တွေမြို့နယ်၊ မြောက်ဘက်တွင် ရသေ့တောင်မြို့နယ်တို့ တည်ရှိနေသည်။


ပုဏ္ဏားကျွန်းသည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂၀ မြင့်၍ မြို့နယ်မြောက်ပိုင်းသည် ကုန်းမြင့်ဒေသဖြစ်၍ မြို့နယ်တောင်ပိုင်းသည် မြေပြင် ညီညာသော လွင်ပြင်ဒေသ ဖြစ်သည်။ မြို့နယ်၏ ရာသီဥတုသည် ပူအိုက်စွတ်စိုသည့်မုတ်သုံ ရာ သီဖြစ်ကာ အပူချိန်သည် ၁၃ ဒီဂရီ စင်တီဂရိတ်နှင့် ၃၆ ဒီဂရီစင်တီဂရီတ်အကြားဖြစ်သည်။


၂၀၁၇ ခုနှစ် အောက်တိုဘာလတွင် ထုတ်ပြန်သည့်စာရင်းများအရ ပ္ဏုားကျွန်းမြို့နယ်ကို ရပ်ကွက် လေးခု၊ ကျေးရွာအုပ်စု ၉၂ အုပ်စု၊ ကျေးရွာ ၁၉၃ ရွာဖြင့် ဖွဲ့စည်းထား ကာမြို့နယ် လူဦးရေ ၂၁၃၇၈၄၅ ဦးအနက် ရခိုင်တိုင်းရင်းသား များက ၁၂၂၀၇၀ ရှိကာ အများဆုံးဖြစ်ပြီး မြို့နယ်လူဦးရေ ၉၈ ရာ ခိုင်နှုန်းသည် ဗုဒ ̈ဘာသာကို ကိုးကွယ်ကြသည်။

 
မြို့နယ်နေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ၂၅ ခုတင်ဆံ့ ပြည်သူ့ဆေးရုံ တစ်ရုံနှင့် ၁၆ ခုတင်ဆံ့တိုက်နယ်ဆေးရုံ နှစ်ရုံ ဖွင့်ထားသည်။ ထို့အတူ အထက်တန်း ကျောင်း ငါးကျောင်း၊ အထက်တန်းကျောင်းခွဲ ခုနစ်ကျောင်း အပါအဝင် အခြေခံပညာကျောင်းများကိုလည်း ဖွင့်လှစ်ထား သည်။


ပုဏ္ဏားကျွန်းမြို့နယ်အတွင်း၌ ဘုရားစေတီ ၁၁၅ ဆူ၊ ဘုန်းကြီးကျောင်း ၁၈၆ ကျောင်း၊သီလရှင်ကျောင်း ရှစ်ကျောင်းရှိကာ၂၀၁၇ ခုနှစ် စာရင်းများအရ ရဟန်း ၃၈၈ ပါး၊ သာမဏေ ၄၆၅ ပါးနှင့် သီလရှင် ၃၃ ပါး သီတင်းသုံးလျက်ရှိနေသည်။ ပုဏ္ဏားကျွန်းမြို့နယ်တွင် စေတီရင်းကျေးရွာရှိဦးရာဇ်တောင်တော်စေတီ၊ ရွာဟောင်းရပ်ကွက်ရှိ စမြုံတော်ဓာတ်စေတီနှင့် ဂူဝဘုရားတို့သည် ထင်ရှားကြသည်။

 

ရသေ့တောင်
စစ်တွေမြို့၏ တောင်ဘက်တွင်တည်ရှိသည့် ရသေ့တောင်မြို့နယ်ကို ခရစ်နှစ် ၁၈၆၃ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။မြို့၏ မြောက်ဘက်ရှိ တောင်တွင် ရှေးအခါက ရသေ့ကိန်း အောင်းနေထိုင်ခဲ့ခြင်းကို အစွဲပြုလျက် ရသေ့တောင်ဟုအမည်တွင်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ် ဇူလိုင်လ ၂၅ ရက်တွင်ဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့နယ်တို့ကို နယ်ခြား ခရိုင် အုပ်ချုပ်ရေး အောက်သို့ ထည့်သွင်းခဲ့ပြီး ရသေ့တောင်မြို့နယ်အတွင်းမှ ကျေးရွာအုပ်စု ၂၉ အုပ်စုကို လွှဲပြောင်းပေး ခဲ့ပြီး ၁၉၇၂ ခုနှစ်တွင် ယင်းကျေးရွာအုပ်စုများကို ရသေ့တောင်မြို့နယ် အောက်သို့ ပြန်လည်ထည့်သွင်းခဲ့သည်။


လက်ရှိရသေ့တောင်မြို့နယ်သည် အရှေ့မှ အနောက်သို့၁၂ မိုင်နှင့် တောင်မှမြောက်သို့ ၃၄ မိုင်ရှည်လျားကာ ရသေ့တောင်မြို့မှာမူ ၁ ဒသမ ၇၃ စတုရန်းမိုင်ကျယ်ဝန်း၍ အရှေ့ဘက်တွင် ပ္ဏုားကျွန်းမြို့နယ်၊ အနောက်ဘက်တွင် မောင်တော မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်၊ တောင်ဘက်တွင် စစ်တွေမြို့နယ်၊ မြောက်ဘက်တွင် ဘူးသီးတောင်မြို့နယ်နှင့် နယ်နိမိတ်ဆက်စပ်နေသည်။ ၂၀၁၇ ခုနှစ် အောက်တိုဘာလတွင်ထုတ်ပြန်သည့် စာရင်းများအရ ရသေ့တောင်မြို့နယ်ကိုရပ်ကွက် လေးခု၊ ကျေးရွာ အုပ်စု ၈၈ အုပ်စု၊ ကျေးရွာ ၁၉၆ ရွာဖြင့် ဖွဲ့စည်းထားကာ မြို့နယ် လူဦးရေ ၁၃၆၇၁၆ ဦးအနက်ရခိုင်တိုင်းရင်းသား ဦးရေသည် မြို့နယ်လူဦးရေ၏ ၉၂ ဒသမ ၁၉ ရာခိုင်နှုန်းဖြစ်သည့် ၁၂၅၇၉၅ ဦးဖြစ်သည်။ ရသေ့တောင်မြို့နယ်တွင် ဗုဒ ̈ဘာသာ ကိုးကွယ်သည့် လူဦးရေသည်၁၂၇၃၁၇ ဦးဖြစ်သည်။


ရသေ့တောင်မြို့သည် မယူမြစ်ဝမှ မိုင် ၂၀ အကွာ လက်ယာဘက်ခြမ်းတွင်တည်ရှိပြီး မယူမြစ်သည် ရသေ့တောင်မြို့နယ်အတွင်း မြောက်မှတောင်သို့ ဖြတ်သန်းကာ ဘင်္ဂလားပင်လယ်အော်အတွင်းသို့ စီးဝင်လျက်ရှိသည်။ ရသေ့တောင် မြို့နယ်တွင်အငူမော်ကမ်းခြေနှင့် ဒုံးပိုက်ကမ်း ခြေတို့ ရှိသော်လည်း ခရီးသွားများ လာရောက်လည်ပတ်မှုနည်းပါးသည်။ မြို့နယ်အတွင်း၌ အစိုးရအထက်တန်းကျောင်း ရှစ်ကျောင်း၊ အထက်တန်းကျောင်းခွဲ ငါးကျောင်း၊ အလယ်တန်း ကျောင်း လေးကျောင်း၊ အလယ်တန်းကျောင်းခွဲ ၁၇ ကျောင်း အပါအဝင် အခြေခံပညာသင်ကျောင်းများ၊ ၂၅ ခုတင်ဆံ့မြို့နယ်ဆေးရုံ၊ ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံ သုံးရုံတို့ဖွင့်လှစ်ထားသည်။ဗုဒ ̈ဘာသာဆိုင်ရာ သာသနိက အဆောက်အအုံများဖြစ်သည့် ဘုရား၊ စေတီ၊ ပုထိုး ၈၇ ဆူနှင့် ဘုန်းကြီး ကျောင်း ၂၀ဝ ရှိကာ ရဟန်း ၃၁၅ ပါး၊ သာမဏေ ၄၆၁ ပါးနှင့်သီလရှင် အပါး ၂၀ သီတင်းသုံးလျက်ရှိသည်။
ရသေ့တောင်မြို့နယ်အတွင်း ထင်ရှားသည့် ဘုရား၊ စေတီ၊ ပုထိုးများတွင် ရသေ့တောင်မြို့ပေါ်ရှိ စေတီတောင်ဘုရား၊ ကဿပညီနောင် ရှင်တစ်ထောင်ဘုရားနှင့် သာစည်ထောင့်ကျေးရွာမှ ဗုဒ ̈ပါဒ ခြေတော်ရာစေတီတို့ ပါဝင်သည်။


ရသေ့တောင်မြို့နယ်နေပြည်သူများသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းဖြင့် အဓိက အသက်မွေးကြကာ လမ်းပန်း ဆက်သွယ်မှုခက်ခဲမှုများရှိနေသေးသဖြင့် စီးပွားရေး ဖွံ့ဖြိုးမှုနည်းပါးသည့် မြို့နယ်တစ်ခုဖြစ်ပေသည်။


ပေါက်တော
စစ်တွေမြို့၏ အရှေ့ဘက်တွင်တည်ရှိသည့် ပေါက်တောမြို့ကို ခရစ်နှစ် ၁၇၈၈ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ပြည်ထဲရေးဝန်ကြီးဌာန မှတ်တမ်းများအရ ရမ္မာဝတီ၊ ဇင်းချောင်း ကျေးရွာမှ ရွာစားဦးစံဖြူအောင်နှင့် ဇနီး ဒေါ်မိလှမေသည်သရွဲကျေးရွာမှ ဦးမြဖော်အောင်၏ စားကျက်မြေကို ရခိုင်ဒင်္ဂါး ငွေ ၃၀ ဖြင့်ဝယ်ယူကာ စားကျက်အတွင်း၌ ပေါက်ရောက်နေ သည့် ပေါက်ပင်များကို ရှင်းလင်းကာ မြန်မာသက္ကရာ ဇ် ၁၁၄၆ ခုနှစ်(ခရစ်နှစ် ၁၇၈၈ ခုနှစ်) တွင်သရွဲပေါက်တောရွာကို တည်ခဲ့သည်။


ယင်းနေရာ၌ ပေါက်ပင်များသည် တောသဖွယ်ဖြစ်နေ ခဲ့သဖြင့် ပေါက်တောဟု အမည်တွင်ခဲ့သည်။
ဗြိတိသျှအစိုးရသည် ရေလမ်းအချက်အချာကျသည့် သရွဲပေါက်တောရွာကို ခရစ်နှစ် ၁၈၉၈ ခုနှစ်တွင် မြို့ပိုင်ရုံးထိုင်သည့် မြို့ဟု သတ်မှတ်၍ ပေါက်တောမြို့ဟု ခေါ်တွင်ခဲ့သည်။တော်လှန်ရေးကောင်စီ အစိုးရလက်ထက် ၁၉၇၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်တွင် ပေါက်တောကို (ခ) အဆင့်မြို့နယ်အဖြစ် သတ်မှတ်ခဲ့သည်။


ပေါက်တောမြို့နယ်သည် အရှေ့မှ အနောက်သို့ ၁၉ မိုင်၊ တောင်မှ မြောက်သို့ မိုင် ၄၀ ရှည်လျား၍ ပေါက်တောမြို့မှာမူသုည ဒသမ ၁၄ စတုရန်းမိုင်သာ ကျယ်ဝန်းသည်။ပေါက်တော မြို့သည် စစ်တွေမြို့နယ်နှင့် ပ္ဏုားကျွန်းမြို့နယ်၏ အရှေ့ ဘက်၊ မင်းပြားမြို့နယ်၏ အနောက်ဘက်၊ မြောက်ဦးမြို့နယ်၏ တောင်ဘက်တွင်တည်ရှိနေသည်။ပေါက်တောမြို့နယ်သည်ပင်လယ်ရေမျက်နှာပြင်အထက် ၁၁ ပေသာမြင့်ကာ မြို့နယ်တောင်ဘက်ပိုင်းသည် ဘင်္ဂလားပင်လယ်အော်နှင့် ထိဆက်နေပေသည်။


ပေါက်တောမြို့နယ်ကို ရပ်ကွက် ငါးရပ်ကွက်၊ ကျေးရွာ အုပ်စု ၅၃ အုပ်စု၊ ကျေးရွာ ၁၇၇ ရွာဖြင့် ဖွဲ့စည်းထားကာ မြို့နယ် လူဦးရေ ၁၈၇၀ဝဝ အနက် ၁၅၄၃၂၆ ဦးသည် ရခိုင်တိုင်းရင်းသားများဖြစ်ကြပြီး မြို့နယ် လူဦးရေအများစုသည်ဗုဒ ̈ဘာသာကို ကိုးကွယ်ကြသည်။ ပေါက်တောမြို့ပေါ် ရပ်ကွက်အသီးသီးတွင် နေထိုင်သူ ဦးရေသည် ၁၈၈၀၄ ဦး သာရှိသည်။


ပေါက်တောမြို့နယ်တွင် ၂၅ ခုတင်ဆံ့ အစိုးရဆေးရုံတစ်ရုံနှင့် ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံ တစ်ရုံ ဖွင့်လှစ်ထားသည်။ ဒေသနေ ကျောင်းသား ကျောင်းသူများ ပညာ သင်ယူနိုင်ရန် အစိုးရအထက်တန်းကျောင်းငါးကျောင်း၊ အထက်တန်း ကျောင်းခွဲ ခုနစ်ကျောင်း၊ အစိုးရအလယ်တန်း ကျောင်း ခုနစ်ကျောင်း၊ အလယ်တန်းကျောင်းခွဲ ၂၇ ကျောင်း အပါအဝင် အခြေခံ ပညာကျောင်းများကို ဖွင့်လှစ်ထားသည်။


ပေါက်တောမြို့နယ်တွင် ဘုရားစေတီ ၂၉ ဆူနှင့် ဘုန်းကြီး ကျောင်း ၂၄၄ ကျောင်းရှိပြီး ရဟန်း ၃၃၉ ပါး၊ သာမဏေ ၄၃၂ ပါးနှင့် သီလရှင် အပါး ၂၀ သီတင်းသုံးလျက်ရှိသည်။ မြို့နယ်အတွင်းရှိ ထင်ရှားသည့် ဘုရားစေတီများတွင် မြေငူကျွန်းရှိဆံတော်ရှင်စေတီ၊ အနောက်ပိုင်းရပ်ကွက်ရှိ လည်ရိုးတော်ဓာတ်စေတီ၊ တောင်ညိုရှိ တောင်ညို လိုဏ်ဂူဘုရား၊ ကျောက်စုရှိ ဝမ်းတော်ဓာတ်စေတီတို့ ပါဝင်သည်။


ပေါက်တောမြို့သည် ကျွဲကူးမြစ်၏ လက်ဝဲဘက်ကမ်းတွင်တည်ရှိ၍ မြို့၏ တောင်ဘက်တွင် ဖရုံကာကျွန်း သုံးကျွန်း အပါအဝင် ကျွန်း ရှစ်ကျွန်းရှိသည်။ မြန်မာနိုင်ငံ၏ အနောက်မြောက်ယွန်းယွန်းတွင်တည်ရှိသည့် စစ်တွေခရိုင်သည် လမ်းပန်းဆက်သွယ်ရေး တိုးတက်ကောင်းမွန်ခဲ့ပြီးနောက် အကြောင်းကိစ္စမျိုးစုံဖြင့် သွားရောက်ကြသူများတိုးတက်များပြားလာခဲ့သည်။ အထူးသဖြင့် မြောက်ဦး ရှေးဟောင်းမြို့တော်သို့ သွားရာက်ကြသူများသည် စစ်တွေမြို့သို့ ဝင်ရောက်လေ့ရှိကြကာ ရခိုင်တိုင်းရင်းသားများ၏ ယဉ်ကျေးမှု အမွေအနှစ်များကို လေ့လာနိုင်ကြပေသည်။ မြန်မာ့အလင်း