နေပြည်တော်၊ အောက်တိုဘာ ၉
ရေဘေးဒဏ် ခံစားရသောဒေသများအတွက် အလှူငွေပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ယနေ့မွန်းလွဲပိုင်းက ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်၍ အလှူငွေများ လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
အဆိုပါအခမ်းအနားတွင် (၂၀၁၁-၂၀၁၆) ဒုတိယဝန်ကြီး (အငြိမ်းစားများ) က ငွေကျပ်သိန်း (၃၀)၊ လမ်းမတော်အမှတ် (၆) အောင်မြေရပ်၊ ချောက်မြို့နေနိုင်ငံအေးဆန်ပွဲရုံ၊ သားသမီးမြေးမိသားစု၊ ကာယဉာဏ လုပ်သားများနှင့် ရောင်းသူဝယ်သူများက ငွေကျပ်သိန်း (၅၀၀) နှင့် Money King Company Limited က ငွေကျပ် သိန်း (၁၀၀)၊ စုစုပေါင်းငွေကျပ် သိန်း (၆၃၀) ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်


