ပုသိမ်မြို့၊ အောက်တိုဘာ ၁၀

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ ပုသိမ်လေဆိပ် ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဒုတိယဝန်ကြီးသည် လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစဉ် ယာယီ ဆိုက်ရောက်/ ထွက်ခွါ အဆောက်အဦ၌ အသုံးပြုမည့် ဆိုင်းဘုတ် (Signage) ချိတ်ဆွဲရာတွင် သတ်မှတ်ပြဋ္ဌာန်းထားသော သင်္ကေတများနှင့် ကိုက်ညီစွာ ဆောင်ရွက်ရေး၊ လုံခြုံရေးပိုင်းဆိုင်ရာ မဖြစ်မနေ တပ်ဆင် အသုံးပြုရမည့် စက်ပစ္စည်းများ အချိန်မီတပ်ဆင်ရေး၊ လေယာဉ်အသက်ကယ်ကူ မီးသတ်ဌာနရှိ မီးသတ်ယာဉ်အား စွမ်းအားပြည့်အသုံးပြုနိုင်စေရန် ဆောင်ရွက်ထားရှိရေး၊ ခရီးသည်များ ကားပါကင်မှ လေဆိပ်အဆောက်အဦသို့ အဆင်ပြေစွာ သွားလာနိုင်ရေး၊ လေကြောင်းထိန်း မျှော်စင်ပေါ်ရှိ ဆက်သွယ်ရေးစက်များ၊ လေယာဉ်ပြေးလမ်းမီး Control စက်ခလုတ်ခုံများ အချိန်ပြည့် ကောင်းမွန်နေစေရေး၊ Control Tower ပေါ်မှ ပြေးလမ်းထိပ်နှစ်ဖက်သို့ မြင်ကွင်း ရှင်းနေစေရေးနှင့် ပြန်လည်ပြင်ဆင်သည့် လုပ်ငန်းများအားလုံး သတ်မှတ်စံချိန်စံညွှန်းများ နှင့်အညီ သတ်မှတ်ချိန်အတွင်း ပြီးစီးစေရေး ဆောင်ရွက်ကြရန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်