ဆိုးလ်၊ အောက်တိုဘာ ၁၀

 

ဆွီဒင်အကယ်ဒမီသည် တောင်ကိုရီးယားစာရေးဆရာမ ဟန်ကန်ကို ယခုနှစ်စာပေနိုဘယ်ဆုရှင်အဖြစ် ရွေးချယ်ခဲ့ကြောင်း သိရသည်။  အာရှနွယ်ဖွား အမျိုးသမီးတစ်ဦးကို စာပေလောက၏ ထိပ်တန်းဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။ဟန်ကန်ကို ၁၉၇၀ ပြည့်နှစ်တွင် မွေးဖွားခဲ့ပြီး သူ၏ဖခင်သည် ကျော်ကြားသောဝတ္ထုရေးဆရာ ဖြစ်သောကြောင့် စာပေမျိုးရိုးမှ ဆင်းသက်လာသူတစ်ဦး ဖြစ်ကြောင်းသိရသည်။ ဆွီဒင်အကယ်ဒမီသည် သူ၏နိုင်ငံတကာ အောင်မြင်မှုများ ရရှိပြီးဖြစ်သည့် “The Vegetarian” စာအုပ်ကဲ့သို့သော စာပေလက်ရာများကို မီးမောင်းထိုးပြခဲ့သည်။

 

The Vegetarian (သက်သတ်လွတ် စားသူတစ်ဦး) စာအုပ်ကို ၂၀၀၇ ခုနှစ်တွင် ရေးသားထုတ်ဝေခဲ့သည်။ အသားစားခြင်း ကို ရှောင်ကြဉ်ခြင်းသည် မိသားစုဝင်များ အပါအဝင် မိတ်ဆွေအပေါင်းအသင်းများနှင့် ကွဲပြားခြားနားသွားသည့်အတွက် အစားအစာ စားသောက်မှုပုံစံတွင် အခက်အခဲအများအပြားနှင့် ရင်ဆိုင်ခဲ့ရ သော အမျိုးသမီးတစ်ဦး၏ ဇာတ်လမ်းကို ရေးသားထားသည်။

 

ထို့ပြင် ဆွီဒင်အကယ်ဒမီသည် စာရေးဆရာမ ဟန်ကန်၏ ၂၀၁၆ ခုနှစ် တွင် ရေးသားထုတ်ဝေခဲ့သည့် “The White Book (ဝမ်းနည်းကြေကွဲမှုကို စူးစမ်းရှာဖွေခြင်း)” စာအုပ်ကိုလည်း ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရသည်။ ဟန်ကန်၏ စာရေးသားမှုပုံစံသည် ခေတ်ပြိုင်စကားပြေလောကတွင် ကဗျာဆန်ပြီး ဆန်းသစ်မှုအသွင် ဆောင်လျက်ရှိသည်ဟု ဆွီဒင်အကယ်ဒမီက ပြောကြားသည်။ စာပေနိုဘယ်ဆုအဖြစ် အမေရိကန် ဒေါ်လာတစ်သန်းကျော် ချီးမြှင့်မည်ဖြစ်ကြောင်းနှင့် ယခုနှစ် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်ကို အောက်တိုဘာ ၁၁ ရက် တွင် ကြေညာမည်ဖြစ်ကြောင်း သိရသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-အောင်ကျော်ကျော်