ဂျေရုဆလင်၊ အောက်တိုဘာ ၁၀
ဂါဇာကမ်းမြောင်ဒေသ၌ နေရပ်စွန့်ခွာသူများနေထိုင်သည့် စာသင်ကျောင်းတစ်ကျောင်းကို အောက်တိုဘာ ၁၀ ရက် မွန်းလွဲပိုင်းက အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၂၈ ဦး ထက်မနည်း သေဆုံးပြီး အခြား ၅၄ ဦးကျော် ဒဏ်ရာရရှိကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။
ဒီယာအယ်ဘာလာ၏မြို့တော် ပါလက်စတိုင်း လခြမ်းနီအသင်း ဌာနချုပ်အနီးတွင် တည်ရှိသည့် ရာဖီဒါကျောင်းကို အစ္စရေးတပ်မတော်က ပစ်မှတ်ထားတိုက် ခိုက်ခဲ့ကြောင်း ပါလက်စတိုင်း လခြမ်းနီအသင်း (ပီအာစီအက်စ်) က လူမှုကွန်ရက်မီဒီယာ X ၌ ဖော်ပြထားသည်။
သေဆုံးသူများထဲတွင် ကလေးများနှင့် အမျိုးသမီးများပါဝင်ပြီး လူနာတင်ယာဉ် အမှုထမ်းများနှင့် အရပ်ဘက် ကာကွယ်ရေးအဖွဲ့များက သေဆုံးသူများ၏ ရုပ်အလောင်းများကို ပြန်လည်တွေ့ရှိခဲ့ကြောင်း မက်ဒစ်က ပြောကြားသည်။
ဂါဇာ၌ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်မှစကာ အစ္စရေး တပ်မတော်၏ စစ်ဆင်ရေးကြောင့် လူပေါင်း ၄၂၀၆၅ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ ၉၇၈၈၆ ဦး ရှိပြီဖြစ်ကြောင်း အောက်တိုဘာ ၁၀ ရက် တွင် ဂါဇာအခြေစိုက် ကျန်းမာရေး အာဏာပိုင်များက ထုတ်ပြန်ထားသည်။
ဆင်ဟွာ