အောက်တိုဘာ ၁၁
အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်တွင် အောက်တိုဘာ ၉ ရက် ညနှောင်းပိုင်းက ကုန်းတွင်းပိုင်းသို့ ဟာရီကိန်းမုန်တိုင်းမီလ်တန်ဝင်ရောက် တိုက်ခတ်ခဲ့ရာ လူဆယ်ဦးသေဆုံးသည်ဟု တာဝန်ရှိသူများက ပြောသည်။
အဆိုပါမုန်တိုင်းသည် အဆင့် (၃) ဟာရီကိန်းမုန်တိုင်းအဖြစ် ကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခတ် သော်လည်း အဆင့် (၁) ဟာရီကိန်းမုန်တိုင်းအဖြစ် အားပျော့သွားပြီး ကုန်းတွင်းပိုင်းနှင့် အတ္တလန္တိတ် သမုဒ္ဒရာကိုဖြတ်သန်းတိုက်ခတ်ခဲ့သည်။
ထိုမုန်တိုင်းဝင်ရောက်တိုက်ခတ်မှုကြောင့် အနီးနားဒေသများတွင် လေဆင်နှာမောင်းတိုက်ခတ်ခြင်းနှင့် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သည်။ လေပြင်းတိုက်မှုကြောင့် နေအိမ်များ၊ စီးပွားရေးလုပ်ငန်းများနှင့် အားကစားရုံခေါင်မိုးတို့ ပျက်စီးသွားခဲ့သည်။
နိုင်ငံအရှေ့တောင်ပိုင်းသို့ ဟာရီကိန်းမုန်တိုင်းဟယ်လီနာဝင်ရောက်တိုက်ခတ်မှုဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးသမားများက သီတင်းပတ်နှစ်ပတ်ထက်မနည်း ကြိုးစားလုပ်ဆောင်ခဲ့ကြကြောင်း ဖော်ပြထားသည်။
ယင်းမုန်တိုင်းတိုက်ခတ်ခံရပြီးနောက် လူသုံးသန်းကျော် လျှပ်စစ်မီးပြတ်တောက်မှုနှင့်ရင်ဆိုင်နေရပြီး လျှပ်စစ်မီး ပြန်လည်ရရှိရန် အချိန်အတန်ကြာစောင့်ရအုံးမည်ဟု သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို