နေပြည်တော် ၅ မတ်
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၇၇/၃)နှင့် (၇၇/၄)ကြားတွင် ယနေ့နံနက်ပိုင်းက ကလေးမှ ရန်ကုန်သို့ မောင်းနှင်လာသော ရန်ကုန်-ကလေး-ဟုမ္မလင်း Yutong အမျိုးအစား High Class Express ခရီးသည် တင်ယာဉ်သည် ညာဘက် ဘီးပေါက်ပြီး လမ်းလယ်ကျွန်းသို့ ဝင်ရောက်တိုက်မိ၍ တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။
အခင်းဖြစ်ပွားရာသို့ အုတ်သျှစ်ကုန်း အမြန်လမ်း မီးသတ်စခန်းမှ မီးသတ်ယာဉ် (၁)စီး၊ မြို့ချောင်း အမြန်လမ်း မီးသတ်စခန်းမှ မီးသတ်ယာဉ် (၁)စီး၊ သန္ဓေ(၁၂)ဦးတို့ဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား (၃၀)ဦး၊ မ(၁၄)ဦးအနက် ကျား(၈)ဦး၊ မ(၅)ဦး (သေဆုံး)နှင့် ကျန်သူများအား အမြန်လမ်းရဲတပ်ဖွဲ့ပိုင်ယာဉ်ဖြင့် မြို့ချောင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။
MDN
