နယူးဒေလီ အောက်တိုဘာ ၁၃
အိန္ဒိယသမ္မတ ဒရူပါဒီမာမူသည် အာဖရိကနိုင်ငံ သုံးနိုင်ငံဖြစ်သည့် အယ်လ်ဂျီးရီးယား၊ မော်ရီတေး နီးယားနှင့် မာလာဝီနိုင်ငံတို့သို့ ခုနစ်ရက်ကြာ အလည်အပတ် ခရီးစဉ်အဖြစ် အောက်တိုဘာ ၁၃ ရက်က ထွက်ခွာသွားကြောင်း နယူးဒေလီရှိ သမ္မတအတွင်း ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားသည်။
အဆိုပါ ခရီးစဉ်သည် သမ္မတ မာမူ၏ အာဖရိကသုံးနိုင်ငံသို့ ပထမဆုံးခရီးစဉ်သွားရောက်ခြင်း ဖြစ်သည်။ ၎င်း၏ခရီးစဉ်အတွင်း နှစ်နိုင်ငံ တွေ့ဆုံပွဲများအပြင် အိန္ဒိယမျိုးနွယ်စု ရွှေ့ပြောင်း နေထိုင်သူများနှင့်လည်း တွေ့ဆုံ သွားရန် စီစဉ်ထားသည်။ သမ္မတ မာမူသည် သမ္မတ အဗ္ဗဒဲမက်ဂျစ် တက်ဘ်ဘွန်း၏ ဖိတ်ကြားချက်အရ အယ်လ်ဂျီးရီးယားသို့ အောက်တိုဘာ ၁၃ ရက်မှ ၁၅ ရက်အထိ သွားရောက်မည် ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန် သည်။
ဆက်လက်၍ အောက်တိုဘာ ၁၆ ရက်တွင် မော်ရီတေးနီးယားသို့ သွားရောက်မည်ဖြစ်သည်။ အာဖရိကသမဂ္ဂဥက္ကဋ္ဌရာထူးကို မော်ရီတေးနီးယားနိုင်ငံက ရယူထားချိန်တွင် သွားရောက်သည့် အဆိုပါခရီးစဉ်သည် အရေးပါသည့် ခရီးစဉ်တစ်ခုဖြစ်ကြောင်း နှင့် အောက်တိုဘာ ၁၇ ရက်မှ ၁၉ ရက်အထိ မာလာဝီနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း ဝန်ကြီးဌာန၏ တရားဝင်ထုတ်ပြန်ချက် တွင် ဖော်ပြသည်။
ဆင်ဟွာ