ကော့မှူး ၅ မတ်  


ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် နွေရာသီ ကျောင်းပိတ်ရက်အတွင်း စာဖတ်သူ၊ စာအုပ်ငှားသူများဖြင့် စည်ကားနေကြောင်း ယနေ့နံနက်က တွေ့ရသည်။


ကျောင်းသား ကျောင်းသူများ ကျောင်းပိတ်ရက်အတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာကြည့်တိုက်သို့လာရောက်သည့် အလေ့အကျင့်များ ရရှိစေရေးအတွက် ကလေးစာဖတ်ခန်းအတွင်း ကလေးငယ်များ ဖတ်ရှုလေ့လာနိုင်မည့် ကာတွန်း၊ ရုပ်ပြ၊ ပုံပြင်နှင့် ဆေးရောင်ခြယ်ပစ္စည်းများ ထားရှိပေးထားရာ ကလေးငယ်များ ပျော်ရွှင်စွာ လာရောက်ဖတ်ရှုနေကြကြောင်း သိရသည်။ ဝန်ထမ်းများမှလည်း ကလေးငယ်များကို ပုံဆွဲနည်းများ သင်ကြားပေးနေကြောင်း သိရသည်။


ကျော်သူရ (ကော့မှူး)