ပခုက္ကူ အောက်တိုဘာ ၁

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်တွင် ရပ်ကွက်ပေါင်း (၁၅)ရပ်ကွက်ရှိပြီး စာရင်းကောက်ကွက်ပေါင်း ၁၇၁ ကွက်၊ သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့ ၁၇ ဖွဲ့မှ စာရင်းစစ်၊ စာရင်းကောက် ၁၀၂ ဦးဖြင့် အောက်တိုဘာ ၁၀ ရက်မှစတင်ပြီး ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အချက်အလက်များ ကောက်ယူလျက်ရှိရာ အောက်တိုဘာ ၁ရက်အထိ အိမ်ထောင်စု ၇၂၈၆ စုနှင့် လူဦးရေ ၂၇၁၂၉ ဦးတို့အား ကောက်ယူပြီးစီးခဲ့ကြောင်း သိရသည်။

အဆိုပါ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုကို ဗိုလ်မှူးကြီး ဇော်မင်းထက်၊ ခရိုင်/မြို့နယ် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များက ကြည့်ရှုအားပေးကြကာ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ ရာအိမ်မှူးနှင့် ဆယ်အိမ်မှူးများပူးပေါင်း၍ လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)