လယ်ဝေး အောက်တိုဘာ ၁၅

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း စစ်တောင်းမြစ်ရေဝင်ရောက်မှုကြောင့် မြစ်ကမ်းဘေး ဝဲယာရှိ ကျေးရွာအချို့ ရေကြီးနစ်မြုပ်ခြင်းများဖြစ်ပေါ်ခဲ့ရာ ပြန်လည်ထူထောင်ရေးအတွက် ဌာနဆိုင်ရာ များက ကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်မှု၊  လယ်ဝေးမြို့ ခုတင် ၁၀၀ ဆေးရုံအုပ် ဒေါက်တာနန္ဒာကျော် ကြီးကြပ်မှုဖြင့် ကျန်းမာရေးမှူး ဦးပါ အဖွဲ့ ဖွဲ့က သဖန်းပင်၊ ရေနီလေး၊ ကြို့ပင်သာ၊ ဇီးဖြူတန်း၊ သာယာအေးကျေးရွာများတွင် ကွင်းဆင်းကျန်းမာ ရေးကုသမှုပေးခြင်း၊ ကလိုရင်းခပ်ခြင်း၊ ကျန်းမာရေးပညာပေးခြင်းတို့ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဝေကြည်(ပြန်/ဆက်)