ယခုနှစ်အတွင်း တိုင်းပြည်၏ စစ်ရေးအသုံးစရိတ်မှာ ယခင်နှစ်ကထက် ၇ ဒသမ ၅ ရာခိုင်နှုန်း တိုးလာမည်ဖြစ်ကြောင်း တရုတ်အစိုးရက ပြောကြားသည်။

ကာကွယ်ရေးအသုံးစရိတ်မူကြမ်းကို တရုတ်လွှတ်တော်တွင် နှစ်စဉ်ပြုလုပ်နေကျဖြစ်သည့် အမျိုးသားပြည်သူ့ကွန်ဂရက်တွင် ဆွေးနွေးမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ယနေ့ပြောကြားသည်။
 
ကာကွယ်ရေးအသုံးစရိတ်မှာ ယခင်နှစ်အသုံးစရိတ်ဖြစ်သည့် ၈ ဒသမ ၁ ရာခိုင်နှုန်းထက် နည်းပါးသော်လည်း စုစုပေါင်းကာကွယ်ရေးအသုံးစရိတ်မှာ ယွမ် ၁ ဒသမ ၁၉ ထရီလီယံ သို့မဟုတ် အမေရိကန်ဒေါ်လာ ၁၈၀ ဘီလီယံခန့် ရောက်ရှိမည်ဖြစ်သည်။

တရုတ်နိုင်ငံ၏ စစ်ရေးအသုံးစရိတ် တိုးမြှင့်သုံးစွဲမှုနှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စုနှင့် အခြားသော နိုင်ငံများ၏ စိုးရိမ်ပူပန်မှုများကို အမျိုးသားပြည်သူ့ကွန်ကရက်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပယ်ချခဲ့သည်။

 

mdn

 

ကာကွယ်ရေးဘတ်ဂျက် တိုးမြင့်တောင်းဆိုခြင်းသည် နိုင်ငံ၏အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် ပိုင်နက်နယ်မြေ ကာကွယ်စောင့်ရှောက်ရေးအသုံးပြုရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ အခြားသော နိုင်ငံများကို ခြိမ်းခြောက်ရန် ရည်ရွယ်ခြင်းမဟုတ်ကြောင်း အမျိုးသားပြည်သူ့ကွန်ကရက်မှ ပြောရေးဆိုခွင့်ရှိသူ ကျောင်ရီဆူက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ကမ္ဘာ့အဆင့်မီ တပ်မတော်တစ်ရပ်ဖြစ်လာစေရေး ရည်မှန်းချက်အရ တရုတ်နိုင်ငံက ပြည်တွင်းလုပ် လေယာဉ်တင်သဘောၤများ၊ ခေတ်မီဂျက်တိုက်လေယာဉ်များ ထုတ်လုပ်လျက်ရှိသည်။

အမေရိကန်၏ ဒုံးကျည်ကာကွယ်ရေးစနစ်များကို ရှောင်ကွင်းနိုင်သော အသံထက်မြန်သည့် လက်နက်များ ထုတ်လုပ်ရန်နှင့် စစ်ရေးရည်ရွယ်ချက်များဖြင့် ဉာဏ်ရည်တုနည်းပညာအသုံးချလျက်ရှိကြောင်း ၎င်းက ပြောသည်။

တရုတ်နိုင်ငံက ၎င်းတို့၏ကာကွယ်ရေးအသုံးစရိတ်ပို ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေ။ ပွင့်လင်းမြင်သာမှုမရှိခြင်းက စိုးရိမ်ပူပန်မှုများကို  မြင့်တက်လာစေခဲ့သည်။ တရုတ်နိုင်ငံ၏ အမှန်တစ်ကယ် ကာကွယ်ရေးအသုံးစရိတ်က တရားဝင်စာရင်ဇယားထက် ပိုမိုများပြားဖွယ်ရှိကြောင်း လေ့လာသူများက ပြောကြားသည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်

 

mdn