ဂျေရုဆလင် အောက်တိုဘာ ၁၉
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုသည် ဟားမတ်စ်ခေါင်းဆောင် ယာ့ရာဆင်းဝါ သေဆုံးကြောင်း အောက်တိုဘာ ၁၇ ရက်က အတည်ပြုပြောကြားသည်။
ဟားမတ်စ်ခေါင်းဆောင် ယာ့ရာဆင်းဝါသည် လွန်ခဲ့သည့် တစ်နှစ်ခန့်က အစ္စရေးပြည်သူများအပေါ် တိုက်ခိုက်မှုများ ဆောင်ရွက်ရာတွင် အဓိကပါဝင်ခဲ့သည့် ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း နေတန်ယာဟု က ပြောကြားသည်။
“ကျွန်ုပ်တို့၏ နိုင်ငံသမိုင်းတွင် အစ္စရေးလူမျိုး ထောင်ပေါင်းများစွာကို သတ်ဖြတ်ပြီး ရာနှင့်ချီသော ပြည်သူများကို ပြန်ပေးဆွဲခဲ့သူကို ယနေ့တွင် ကျွန်ုပ်တို့၏ သူရဲကောင်းစစ်သည်များက ဖယ်ရှားပစ်ခဲ့သည်” ဟု နေတန်ယာဟုက ပြောကြားသည်။
ဇူလိုင်လတွင် အီရန်နိုင်ငံ၌ ဟားမတ်စ်ခေါင်းဆောင်ဟောင်း အစ်မေးဟာနီရာ့ လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် ယာ့ရာဆင်းဝါသည် ဟားမတ်စ်အဖွဲ့၏ ခေါင်းဆောင်ဖြစ်လာခဲ့သည်။ အောက်တိုဘာ ၁၇ ရက် တွင် ဂါဇာတောင်ပိုင်းရှိ ရာဖာမြို့၌ စစ်ဆင်ရေးတစ်ခုအတွင်း ယာ့ရာဆင်းဝါနှင့် အခြားစစ်သွေးကြွနှစ်ဦးတို့ သေဆုံးခဲ့ကြောင်း အစ္စရေးတပ်မတော်က ပြောကြားသည်။
DNA စစ်ဆေးမှုများ၊ လက်ဗွေရာများနှင့် သွားဘက်ဆိုင်ရာမှတ်တမ်းများအရ ၎င်း၏ အထောက်အထားကို အတည်ပြုခဲ့သည်။ ယာ့ရာဆင်းဝါသည် လတ်တလော အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများအတွက် တာဝန်ရှိကြောင်းလည်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောကြားသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-အောင်ကျော်ကျော်