နေပြည်တော် အောက်တိုဘာ ၂၁
မန္တလေးတိုင်းဒေသကြီး စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် အောက်တိုဘာ ၁၆ ရက် နံနက်ပိုင်းက မဟာအောင်မြေမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်၊ စိန်ပန်းရပ်ကွက် ဂွမ်းရုံဈေးရပ်နေ မော်ကွန်းဝင် ဒုတိယအဆင့် တပ်သား ချစ်မောင် (အငြိမ်းစား) အသက် ၁၀၀ နှစ်အား ဂါရဝပြု သွားရောက်တွေ့ဆုံပြီး ထောက်ပံ့ငွေများ ပေးအပ်ကြသည်။
ဦးစွာ မော်ကွန်းဝင် ဒုတိယအဆင့် တပ်သားချစ်မောင် (အငြိမ်းစား)အား ဂါရဝပြုနှုတ်ဆက်စကား ပြောကြားပြီး မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ်မှ ထောက်ပံ့ငွေကျပ် ၅၀,၀၀၀၊ မန္တလေး တိုင်းဒေသကြီး စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့မှ ထောက်ပံ့ငွေကျပ် ၅၀,၀၀၀ နှင့် မဟာအောင်မြေ မြို့နယ်မှ ထောက်ပံ့ငွေကျပ် ၅၀,၀၀၀ ကို ဂါရဝပြု ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


