နေပြည်တော်  အောက်တိုဘာ  ၂၂

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Tomsk State University မှ Mr. Vorozhtsov Alexander Borisovich နှင့် ကိုယ်စားလှယ်များအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Tomsk State University(TSU)တို့ အကြား တက္ကသိုလ်အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ နှစ်နိုင်ငံ တက္ကသိုလ်များအကြား နားလည်မှု စာချွန်လွှာများ ရေးထိုးနိုင်ရေး ကိစ္စရပ်များ၊ သုတေသန ဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များ၊ မြန်မာ-ရုရှား သိပ္ပံနည်းပညာနှင့် အင်ဂျင်နီယာ ဘာသာရပ်များတွင် ပူးပေါင်းဆောင်ရွက်ပြီး ကျွမ်းကျင်ပညာရှင်များနှင့် လူငယ်သိပ္ပံပညာရှင်များ လာရောက်ခြင်းနှင့် ဘွဲ့ကြို၊ ဘွဲ့လွန်ကျောင်းသား၊ ကျောင်းသူများ ပညာတော်သင်ရရှိရေး ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

 

အဆိုပါ တွေ့ဆုံပွဲသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)