မော်စကို အောက်တိုဘာ ၂၂
(၁၆)ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးကို ရုရှားနိုင်ငံအလယ်ပိုင်း ကာဇန်မြို့၌ ယနေ့ စတင်ကျင်းပကြောင်း သိရသည်။
အဆိုပါ ထိပ်သီးအစည်းအဝေးကို အောက်တိုဘာ ၂၂ ရက်မှ ၂၄ ရက်အထိ သုံးရက်ကြာ ကျင်းပ မည်ဖြစ်သည်။
အဖွဲ့ဝင်နိုင်ငံများမှ အကြီးအကဲများသည် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ကာဇန်မြို့သို့ ရောက်ရှိလျက်ရှိကြောင်း သိရသည်။
နိုင်ငံပေါင်း ၃၆ နိုင်ငံမှ ကိုယ်စားလှယ်များသည် ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး များသို့ တက်ရောက်မည်ဖြစ်ကြောင်း ရုရှားသမ္မတ လက်ထောက် ယူရီရှာကော့ဗ်က ပြောကြား သည်။
အဆိုပါ ထိပ်သီးအစည်းအဝေးသည် ၂၀၂၂ ခုနှစ် နောက်ပိုင်း နိုင်ငံ့ခေါင်းဆောင်အများအပြား စုဝေး တက်ရောက်သည့် ပထမဆုံးသောနိုင်ငံတကာ အစည်းအဝေးတစ်ခု ဖြစ်လာမည်ဖြစ်သည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီ အပါအဝင် အခြားသော နိုင်ငံ့ခေါင်းဆောင်များနှင့် သီးခြားတွေ့ဆုံရန် စီစဉ်ထားသည်။
ယခုနှစ် BRICS အစည်းအဝေးသည် အဖွဲ့ဝင်နိုင်ငံ ငါးနိုင်ငံမှ ကိုးနိုင်ငံအထိရှိလာပြီးနောက် ပထမဆုံးအကြိမ် ကျင်းပသည့် ထိပ်သီးဆွေးနွေးပွဲဖြစ်သည်။
နောက်တိုးအဖွဲ့ဝင် လေးနိုင်ငံမှာ အီရန်၊ အီဂျစ်၊ အီသီယိုးပီးယားနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုတို့ဖြစ်သည်။
BRICS သည် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိက၊ အီရန်၊ အီဂျစ်၊ အီသီယိုးပီးယား နှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုတို့ ပါဝင်သော အစိုးရဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်