ဝါရှင်တန် အောက်တိုဘာ ၂၂

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနသည် အီရန်ကို လက်တုံ့ပြန်တိုက်ခိုက်နိုင်ခြေရှိသော   အစ္စရေး ၏ ကြိုတင်ပြင်ဆင်မှုများနှင့် ပတ်သက်ပြီး   လျှို့ဝှက်စာရွက်စာတမ်းများ ပေါက်ကြားမှုကို စုံစမ်း စစ်ဆေးနေကြောင်း အိမ်ဖြူတော်က ပြောသည်။

အင်တာနက်ပေါ်တွင်  စာရွက်စာတမ်းများ မည်ကဲ့သို့ ထွက်ပေါ်လာခဲ့သလဲဆိုသည်နှင့်ပတ်သက်ပြီး   ပင်တဂွန်က ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း အမျိုးသားလုံခြုံရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက အောက်တိုဘာ ၂၁ ရက်တွင်   သတင်းထောက်များ ကို ပြောသည်။

အဆိုပါ စာရွက်စာတမ်းများသည် အောက်တိုဘာ ၁၅ ရက်နှင့် ၁၆ ရက် ရက်စွဲများနှင့်ဖြစ်ပြီး ပင်တဂွန် နှင့်ဆက်စပ်သော အေဂျင်စီနှစ်ခုက ထုတ်ခဲ့ခြင်းဖြစ်သည်ဟု   ယူဆရသည်။   စာရွက် စာတမ်းများထဲမှ တစ်ခုမှာ အီရန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုပမာဏနှင့် အတိုင်းအတာကို   အတိအကျခန့်မှန်းလို့မရကြောင်း ညွှန်ပြနေသည်ဟု ဆိုသည်။ အစ္စရေးသည် နျူကလီးယား လက်နက်အသုံးပြုရန် ရည်ရွယ်သော အရိပ်အယောင်ကို  အမေရိကန်က သတိပြုမိခြင်းမရှိ ကြောင်းလည်း ဆိုထားသည်။   အစ္စရေးသည် နျူကလီးယားလက်နက်များ ပိုင်ဆိုင်ကြောင်း လူသိရှင်ကြား အတည်ပြုထားခြင်းမရှိပေ။ 

မဖြစ်သင့်မဖြစ်ထိုက်သည့် အများပြည်သူနှင့် သက်ဆိုင်သောနယ်ပယ်ထဲသို့ လျှို့ဝှက်စာရွက်စာတမ်း များ ပေါက်ကြားမှုနှင့်ပတ်သက်ပြီး သမ္မတ ဂျိုးဘိုင်ဒင်က အလွန်အမင်းစိုးရိမ်ကြောင်း ကာဘီက ပြောသည်။

အင်န်အိတ်ချ်ကေ