ဆီဆိုင် အောက်တိုဘာ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာ ကျန်ရှိသည့်နေရာများအား စာရင်းစစ်/စာရင်းကောက်များက ဆက်လက်ကောက်ယူကြသည်။
ထိုသို့သန်ခေါင်စာရင်းကောက်ယူရာတွင် ဆီဆိုင်မြို့နယ်၌ စာရင်းကောက်ကွက် ၁၅၉ ကွက်ကို စာရင်းစစ်/စာရင်းကောက် ၉၂ ဦးတို့က ကောက်ယူပြီးစီးခဲ့ပြီး ယခုအခါ ကျန်ရှိသည့်ကျေးရွာများမှ စာရင်းကောက်ကွက် ၇၇ ကွက်အား စာရင်းစစ်/စာရင်းကောက် ၈၄ ဦးတို့က လူဦးရေနှင့် အိမ်အကြောင်းအရာစာရင်းများ တိကျမှန်ကန်စွာ ရရှိနိုင်ရေးအတွက် မြို့နယ်အတွင်း နေထိုင်သောသူများ၏ လူဦးရေဆိုင်ရာ အချက်အလက်များအား တစ်အိမ်တက်ဆင်း၍ ပြည်သူများထံအရောက် ကွင်းဆင်းမေးမြန်း ကောက်ယူလျက်ရှိသည်။
အဆိုပါ သန်းခေါင်စာရင်း ကောက်ယူနေမှုများကို မြို့နယ်သန်ခေါင်စာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများတို့က လိုက်လံကြည့်ရှုအားပေး၍ လိုအပ်သည်များ ဝိုင်းဝန်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


