ရန်ကုန် အောက်တိုဘာ ၂၃

 

စာရေးဝန်ထမ်းကြီးကြပ်သင်တန်း အမှတ်စဉ်(၉၆)၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၊ ရတနာသိင်္ဃခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပါမောက္ခချုပ်က သင်တန်းသားစံပြဆုရ သင်တန်းသား ဦးသန်းနိုင်၊ ဌာနခွဲစာရေး၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနကို လည်းကောင်း၊ သင်တန်းသူစံပြဆုရ သင်တန်းသူ ဒေါ်အေးသန္တာကျော်၊ ဌာနခွဲစာရေး၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနကို လည်းကောင်း၊ သေနတ်ပစ်ထူးချွန်ဆု၊ စစ်ရေးပြထူးချွန်ဆုရရှိသူများနှင့် သင်တန်းဆင်း အောင်လက်မှတ်များကို လည်းကောင်း ပေးအပ်ချီးမြှင့်ပြီး သင်တန်းဆင်းမိန့်ခွန်းပြောကြားသည်။

 

သင်တန်းဆင်းပွဲအခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူး/ပါမောက္ခများ၊ သင်ကြားစီမံဌာနများမှ တာဝန်ရှိသူများနှင့် သင်တန်းသား(၁၆)ဦး၊ သင်တန်းသူ(၆၆)ဦး စုစုပေါင်း (၈၂)ဦး တက်ရောက်ကြောင်းနှင့် သင်တန်းကာလမှာ ဩဂုတ် ၁၂ ရက်မှ အောက်တိုဘာ ၂၃ ရက်အထိ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်