အောက်တိုဘာ ၂၃

အစ္စရေး-ဟစ်ဇ်ဘိုလာ ပဋိပက္ခဖြစ်ပွားမှုစတင်ခဲ့ပြီးနောက် လက်ဘနွန်နိုင်ငံ၌ အစ္စရေးလေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၅၃၀ ရှိလာပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၁၈၀၃ ရှိကြောင်း သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနက သတင်းထုတ်ပြန်ထားသည်။

အစ္စရေးတို့တိုက်ခိုက်မှုကြောင့် အောက်တိုဘာ ၂၁ ရက် တစ်ရက်အတွင်းမှာပင် ၆၃ ဦး သေဆုံးပြီး အခြား ၂၃၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ တောင်ပိုင်းဒေသတွင် ၂၄ ဦး သေဆုံး၊ အခြား ၈၅ ဦး ဒဏ်ရာရရှိခဲ့ပြီး နာဗာတိဒေသတွင် သုံးဦးသေဆုံး၊ အခြား ၂၁ ဦး ဒဏ်ရာရရှိကာ ဘီကာတောင်ကြားတွင် ခုနစ်ဦးသေဆုံး၊ ငါးဦးဒဏ်ရာရရှိကြောင်း ဖော်ပြထားသည်။ အစ္စရေးတပ်မတော်က လက်ဘနွန်နိုင်ငံ အား စက်တင်ဘာ ၂၃ ရက်ကစတင်ကာ ပြင်းထန်သောလေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။

လက်ဘနွန်နိုင်ငံတောင်ပိုင်းနှင့် အရှေ့ပိုင်ဒေသများ၊ တောင်ပိုင်း ဘေရွတ်မြို့ဆင်ခြေဖုံးတို့တွင် အစ္စရေး က ပြင်းထန်စွာစီနင်းတိုက်ခိုက်ခဲ့သည်။ ယခုလအစောပိုင်းက လက်ဘနွန်နိုင်ငံတောင်ပိုင်းနှင့် နယ်စပ် အနီး မြေပြင်စစ်ဆင်ရေး စတင်လုပ်ဆောင်ခဲ့သည်ဟု အစ္စရေးကသတင်း ထုတ်ပြန်ခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို