မနီလာ အောက်တိုဘာ ၂၃
အင်အားပြင်းမုန်တိုင်း ထရာမီသည် ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းရှိ လူဇုန်ကျွန်းသို့ ယနေ့ဝင်ရောက် တိုက်ခတ်ခဲ့ရာ အနည်းဆုံး ၁၅ ဦးသေဆုံးကြောင်း ဖိလစ်ပိုင်အာဏာပိုင်များက အတည်ပြုပြောကြား သည်။
အဆိုပါ မုန်တိုင်းတိုက်ခတ်မှုကြောင့် လူဇုန်ကျွန်း၏ အရှေ့ပိုင်းဒေသရှိ ပြည်သူ ၄၀၀၀၀၀ နီးပါး ထိခိုက်ခဲ့ကြောင်း ဖိလစ်ပိုင်အစိုးရက ပြောကြားသည်။ ရေကြီးရေလျှံခြင်းနှင့် လူနေအိမ်များ ပျက်စီး ဆုံးရှုံးခြင်းတို့ကြောင့် ပြည်သူ ၁၂၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။
မုန်တိုင်းဒဏ်သင့် ဒေသအချို့တွင် လေကြောင်းနှင့် ဆိပ်ကမ်းလုပ်ငန်းများ ရပ်ဆိုင်းထားပြီး ခရီးသည်ထောင်ပေါင်းများစွာ သောင်တင်လျက်ရှိသည်။ အချို့နေရာများတွင်လည်း လျှပ်စစ်မီး ပြတ်တောက်မှုများနှင့် ရင်ဆိုင် နေရသည်။
မုန်တိုင်းသည် ဆက်လက်အင်အားပြင်းလာနိုင်ပြီး လူဇုန်ကျွန်း၏ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်နိုင် ကြောင်း မိုးလေဝသပညာရှင်များက ခန့်မှန်းပြောကြားသည်။ သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာသည် ၎င်း၏ လုပ်ငန်းဆောင်တာအစီအစဉ်များကို ဖျက်သိမ်းခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် အနီးကပ်ညွှန်ကြားခဲ့ကြောင်း သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-အောင်ကျော်ကျော်