အောက်တိုဘာ ၂၅
မလေးရှားနိုင်ငံအနောက်ပိုင်း ပီရတ်ပြည်နယ်တွင် ကမ္ဘာလှည့်ခရီးသွားများ တင်ဆောင်လာသော ဘတ်စ်ကားတစ်စီးသည် ထရပ်ကားတစ်စီးအားဝင်တိုက်မိသဖြင့် ဂျပန်ခရီးသွားတစ်ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်။
အဆိုပါဘတ်စ်ကားသည် ဂျပန်ခရီးသွားများနှင့် တခြားသူများကိုတင်ဆောင်လာသောကားဖြစ်ပြီး အမြန်လမ်းပေါ်တွင် ယမန်နေ့က မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု မလေးရှားနိုင်ငံရှိ ဂျပန်သံရုံး က ဆိုသည်။ ထိုခရီးသွားများတွင် ဂျပန်အမျိုးသားသုံးဦးနှင့် ဂျပန်အမျိုးသမီးရှစ်ဦးတို့ ပါဝင်သည်။
ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို ဆေးရုံသို့ပို့ဆောင်ခဲ့သည်။ ထိခိုက်ဒဏ်ရာရရှိ သူများတွင် ဘတ်စ်ကားယာဉ်မောင်းနှင့် ဧည့်လမ်းညွှန်တစ်ဦးတို့ပါဝင်သည်။
ရဲတပ်ဖွဲ့က မတော်တဆမှုဖြစ်ပွားရသည့်အကြောင်းရင်းကိုသိရှိရန် စုံစမ်းစစ်ဆေးမှု လုပ်ဆောင်လျက်ရှိ သည်ဟု သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို