အောက်တိုဘာ ၂၅
ဂါဇာကမ်းမြောင်ဒေသမြောက်ပိုင်း ဂျာဘာလီရာမြို့တွင် အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသေဆုံးသူ ၁၅၀ ထက်မနည်းရှိကြောင်း ဂါဇာဒေသရှိ ပါလက်စတိုင်း အရပ်ဘက် ကာကွယ်ရေးအဖွဲ့က ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။
အစ္စရေးတပ်မတော်သည် ဂါဇာမြောက်ပိုင်း ဂျာဘာလီရာဒုက္ခသည်စခန်း အယ်လ်ဟာဝါဂျာဒေသရှိ Block 7 ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများပြားသည်ဟု အရပ်ဘက်ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။ အရပ်ဘက်ကာကွယ်ရေးနှင့် ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုအဖွဲ့များသည် ဂါဇာမြောက်ပိုင်း တွင် အစ္စရေးတပ်မတော်က ၎င်းတို့၏စစ်ဆင်ရေးများရပ်တန့်ထားသဖြင့် ထိခိုက်ဒဏ်ရာရသူများနှင့် သေဆုံးသူများကိုရွှေ့ပြောင်းရာတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
အစ္စရေးက ရုတ်တရက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် နေအိမ်အပျက်အစီးများအောက် (သို့မဟုတ်) လမ်းမ များတွင် သေဆုံးသူများ၏ ရုပ်အလောင်းများဖြင့် အင်မတန်ကြောက်စရာကောင်းသည်ဟု ဒေသခံများ က ဆင်ဟွာကိုပြောကြားသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က အစ္စရေးနယ်စပ်ကို ဟားမတ်စ်တို့စီးနင်းတိုက်ခိုက်မှုကို လက်တုံ့ ပြန်သည့်အနေဖြင့် အစ္စရေးက ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်စ်တို့အား အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်မှုများပြုလုပ်လျက်ရှိသည်။
ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ဆက်လက်တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းသေဆုံးသူ ၄၂၈၄၇ ဦးရှိလာကြောင်း ဂါဇာအခြေစိုက် ကျန်းမာရေးအာဏာပိုင်များက ယမန်နေ့က သတင်းထုတ်ပြန်ထား သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို