နေပြည်တော် အောက်တိုဘာ ၂၅

 

ကလေးမြို့နယ် ကြို့သုံးပင် (၁၁)ရပ်ကွက်နေ စစ်မှုထမ်းဟောင်းအဖွဲ့ဝင် တပ်ကြပ် ငွန်ဒိုထန် (အငြိမ်းစား) အသက် ၁၀၁ နှစ်နှင့် မြစ်ကြီးနားမြို့ ကျွန်းပင်သာရပ်ကွက်နေ စစ်မှုထမ်းဟောင်းအဖွဲ့ဝင် တပ်သား ဒေါင်လွမ်း (အငြိမ်းစား) အသက် ၁၀၃ နှစ်တို့ကို ယမန်နေ့က သက်ဆိုင်ရာ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဂါရဝပြုထောက်ပံ့ငွေများ သွားရောက်ပေးအပ်ကြသည်။

 

ဦးစွာ တပ်ကြပ် ငွန်ဒိုထန်(အငြိမ်းစား)ကို မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဂါရဝပြုနှုတ်ဆက်စကား ပြောကြားပြီး မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ်မှ ထောက်ပံ့ငွေကျပ် ၅၀,၀၀၀ ၊ စစ်ကိုင်းတိုင်းဒေသကြီး စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့မှ ထောက်ပံ့ငွေကျပ် ၅၀,၀၀၀ နှင့် ကလေးမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့မှ ထောက်ပံ့ငွေ ကျပ် ၅၀,၀၀၀ ကို ဂါရဝပြု ထောက်ပံ့ပေးအပ်သည်။

 

အလားတူ တပ်သား ဒေါင်လွမ်း(အငြိမ်းစား)ကို မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဂါရဝပြုနှုတ်ဆက်စကား ပြောကြားပြီး မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ်မှ ထောက်ပံ့ငွေကျပ် ၅ဝ,ဝဝဝ ကချင်ပြည်နယ် စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့မှ ထောက်ပံ့ငွေ ကျပ် ၅၀,၀၀၀ နှင့် မြစ်ကြီးနားမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့မှ ထောက်ပံ့ငွေကျပ် ၅၀,၀၀၀ ကို ဂါရဝပြု ထောက်ပံ့ပေးအပ်ကြကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်