မြစ်သား အောက်တိုဘာ ၂၈

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ရတနာအောင်မြေဘုရားဝန်းအတွင်း ဘူတာရပ်ကွက်ရှိ ရေ‌ဘေးသင့်ပြည်သူများအား အခြေခံကျန်းမာရေးဆိုင်ရာ ဆေးကုသပေးခြင်း၊ ဆေးဝါးများ ထောက်ပံ့လှူဒါန်းပေးခြင်းနှင့် သုံးဆူရတနာ ဆုတောင်းပြည့်စေတီတွင် ဘူတာရပ်ကွက်ရှိ ရေ‌ဘေးသင့်ပြည်သူများအား ဆန်၊ ဆီများ ထောက်ပံ့ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ဦးစွာ မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာ သိန်းထွန်းဆောင်၊ အတွင်းရေးမှူး ဦးကျော်ကျော်နှင့် အသင်းအဖွဲ့ဝင်များ၊ မြစ်သားမြို့ ကြက်ခြေနီအသင်း နာယက ဦးတင့်လွင်ဦးနှင့် အသင်းအဖွဲ့ဝင်များ ဦးဆောင်ကာ မြစ်သားမြို့ ရတနာအောင်မြေဘုရားဝန်းအတွင်း ဘူတာရပ်ကွက်ရှိ ရေ‌ဘေးသင့်ပြည်သူများအား အခြေခံကျန်းမာရေးဆိုင်ရာ ဆေးကုသပေးခြင်းနှင့် ဆေးဝါးများကို ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ အသင်းအဖွဲ့ဝင်များသည် သုံးဆူရတနာ ဆုတောင်းပြည့် စေတီပရဝုဏ်အတွင်း၌ ဘူတာရပ်ကွက်ရှိ ရေ‌ဘေးသင့်ပြည်သူများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆန် (၁၅)ပြည် ဆီ(၁)ပိဿာနှုန်းဖြင့် ရေ‌ဘေးသင့်အိမ်ထောင်စု (၁၅၀)စုအတွက် သွားရောက်ကူညီ လှူဒါန်းပေးခဲ့ကြောင်း မြစ်သားမြို့ ကြက်ခြေနီအသင်းခွဲမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

           

မြစ်သား(ပြန်/ဆက်)