နေပြည်တော်    အောက်တိုဘာ    ၂၈

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ၂၀၂၄ ခုနှစ် ပြည်ထောင်စုဝန်ကြီးဖလား အားကစားပြိုင်ပွဲများကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းနှင့် ဝန်ကြီးဌာနပိုင် အားကစားကွင်းများတွင်  ဆက်လက်ကျင်းပ ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။

 

ယမန်နေ့က (အမျိုးသား)ဘောလုံး ပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်း()၌ လည်းကောင်း၊ (အမျိုးသား)ပိုက်ကျော်ခြင်းပြိုင်ပွဲကို အားကစားလေ့ကျင့်ရေးခန်းမ()၌ လည်းကောင်း၊ ယနေ့တွင်(အမျိုးသား) ဘော်လီဘောပြိုင်ပွဲ ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အားကစား လေ့ကျင့်ရေးခန်းမ()၌ လည်းကောင်း ဆက်လက်ယှဉ်ပြိုင်ခဲ့ကြသည်။

 

အဆိုပါပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ ညွှန်ကြားရေးမှူးချုပ်များ၊  တာဝန်ရှိသူများနှင့်  ကျောင်းသားများ တက်ရောက်ကြည့်ရှုအားပေးကြပြီး ပွဲစဉ်များအပြီးတွင် အားကစားသမားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)