နေပြည်တော် အောက်တိုဘာ ၂၈

 

အမျိုးသားမြေဥပဒေ ရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေး လုပ်ငန်း ကော်မတီ၏ အဋ္ဌမအကြိမ်အစည်းအဝေးကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၌ကျင်းပရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ- ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် တက်ရောက် အမှာစကားပြောကြားပြီး လုပ်ငန်းကော်မတီဝင်များ၊ အထောက်အကူပြုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌများနှင့် ဥပဒေရေးဆွဲရေးအဖွဲ့ငယ် အဖွဲ့ခေါင်းဆောင်များက လုပ်ငန်းကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။

 

အဆိုပါ အစည်းအဝေးတွင် အမျိုးသားမြေဥပဒေ ပထမ(မူကြမ်း) အခန်း () မှ (၁၅) အထိ ပြန်လည် သုံးသပ်ဆွေးနွေးခြင်း၊ ယခင်အစည်းအဝေးများတွင် ယာယီ သဘောတူ အတည်ပြုထားသည့် ဥပဒေမူကြမ်း ခုကို စုစည်းပေါင်းစပ်ပြီး ဥပဒေတစ်ရပ်လုံးမူကြမ်းအဖြစ် ပြုစုထားမှုများ ဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)