တီဟီရန် အောက်တိုဘာ ၂၈
အီရန်နိုင်ငံအားတိုက်ခိုက်ခဲ့မှုအပေါ် အစ္စရေးအား ပြန်လည်တုံ့ပြန်တိုက်ခိုက်မည်ဟု အီရန်သမ္မတ မာဆော့ပါဇက်ရှ်ကီရမ် က အောက်တိုဘာ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
မိမိတို့သည် စစ်ပွဲဖြစ်ပွားခြင်းကို မလိုလားသော်လည်း မိမိနိုင်ငံကို ကာကွယ်စောင့်ရှောက်ခွင့်ဆိုင်ရာ အခွင့်အရေးအရ အစ္စရေး၏ တိုက်ခိုက်မှုများအတွက် သင့်တော်သည့် တုံ့ပြန် တိုက်ခိုက်မှုများကို ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် အစ္စရေးတပ်မတော်သည် အမေရိကန်၏ အကူအညီဖြင့် အီရန် နိုင်ငံသားများအပါအဝင် အမျိုးသမီးများနှင့်ကလေးများကို သတ်ဖြတ်နေပြီး ၎င်းသတ်ဖြတ်မှု များကိုလည်း အစ္စရေးအား ထောက်ခံသည့်နိုင်ငံများက မသိကျိုးကျွန်ပြုနေကြောင်း အီရန်သမ္မတ က ထပ်လောင်းပြောကြားသည်။ ထို့ပြင် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် အီရန်လေကြောင်းရန် ကာကွယ်ရေးတပ်မှူးတစ်ဦးဖြစ်သူ မိုဟာမက်ဗက်ကာကာလီဗက် ကျဆုံးခဲ့ခြင်းအတွက် ဝမ်းနည်း ကြောင်း အီရန်သမ္မတက ပြောကြားသည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန် - စိုးသူရ