မနီလာ အောက်တိုဘာ ၂၈

လူထောင်ပေါင်းများစွာ    သေဆုံးခဲ့သည့်   မူးယစ်ဆေးဝါးတိုက်ဖျက်မှု၌    မိမိတွင်   တာဝန်အပြည့် ရှိကြောင်း ဖိလစ်ပိုင်သမ္မတဟောင်း  ရိုဒရီဂို ဒူတာတေး က ဝန်ခံပြောကြားလိုက်သည်။

ဒူတာတေးသည် အောက်တိုဘာ ၂၈ ရက်တွင် အထက်လွှတ်တော်ကြားနာပွဲသို့ ပါဝင်တက်ရောက်ခဲ့ သည်။ ဖိလစ်ပိုင်လွှတ်တော်အမတ်များသည် ၂၀၁၆ ခုနှစ်မှစကာ ခြောက်နှစ်တာကာလအတွင်း ဒူတာတေးလုပ်ဆောင်ခဲ့သည့် သွေးစွန်းနေသော ဖြိုခွင်းမှုကို   စုံစမ်းစစ်ဆေးလျက်ရှိသည်။  အဆိုပါ စစ်ဆင်ရေးလှုပ်ရှားမှုတွင်  လူပေါင်း ၆၀၀၀ ကျော် သေဆုံးခဲ့ကြောင်း အစိုးရက ပြောသည်။

စစ်ဆင်ရေးအတွက် မိမိတစ်ဦးတည်းသာ တာဝန်အပြည့်အဝရှိကြောင်း၊ ထောင်ထဲရောက်ရမည့် သူမှာ      မိမိသာလျှင်ဖြစ်ကြောင်းနှင့် မိမိအမိန့်ကို  နာခံသော   ရဲများမဟုတ်ကြောင်း ဒူတာတေးက ပြောကြားလိုက်သည်။

သို့သော်လည်း ဒူတာတေးသည် အဆိုပါစစ်ဆင်ရေးနှင့်ပတ်သက်ပြီး  တောင်းပန်မှုတစ်စုံတစ်ရာ မပြုလုပ်ခဲ့ချေ။ မိမိနိုင်ငံအတွက် မိမိလုပ်စရာရှိသည်ကို လုပ်ခဲ့ခြင်းသာဖြစ်ကြောင်း ၎င်းက ပြောခဲ့ သည်။

အထက်လွှတ်တော်အပြင်ဘက်တွင်   ဖြိုခွင်းမှုအတွင်း သေဆုံးခဲ့သူများ၏ ဆွေမျိုးများနှင့် မိသားစု များ စုရုံးပြီး တရားမျှတမှုကို တောင်းဆိုခဲ့ကြသည်။

အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံးက ဒူတာတေး၏ မူးယစ်ဆေးဝါးဆန့်ကျင်တိုက်ဖျက်ရေး လှုပ်ရှားမှုကို လူသားမျိုးနွယ်အပေါ် ကျူးလွန်နိုင်သည့် ရာဇဝတ်ပြစ်မှုအဖြစ် စုံစမ်းစစ်ဆေးလျက် ရှိသည်။

အပြည်ပြည်ဆိုင်ရာ   ရာဇဝတ်တရားရုံးသည် ဖိလစ်ပိုင်နိုင်ငံ၏အချုပ်အခြာအာဏာကို ခြိမ်းခြောက် လျက်ရှိပြီး   စုံစမ်းစစ်ဆေးရေးကို    ကူညီနိုင်မည်မဟုတ်ကြောင်း ဖိလစ်ပိုင်အစိုးရက ပြောကြား လိုက်သည်။ ၂၀၁၉ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံသည်  အဆိုပါတရားရုံးမှ နုတ်ထွက်ခဲ့သည်။             

အင်န်အိတ်ချ်ကေ