နေပြည်တော်    အောက်တိုဘာ     ၃၀

 

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် ပြည်ထောင်စုဝန်ကြီးဖလား အားကစားပြိုင်ပွဲများကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းနှင့် ဝန်ကြီးဌာနပိုင် အားကစားကွင်းများတွင် ဆက်လက်ကျင်းပ ယှဉ်ပြိုင်လျက်ရှိရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် တာဝန်ရှိသူများ၊ ကျောင်းသားများ  တက်ရောက်ကြည့်ရှုအားပေးကြသည်။

 

(အမျိုးသား) ဖူဆယ်ဘောလုံးပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းတွင် အစိုးရစက်မှု လက်မှုသိပ္ပံ (နေပြည်တော်)၌ ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြပြီး (အမျိုးသား) ဘော်လီဘော ဗိုလ်လုပွဲပွဲစဉ်ကို ညနေပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အားကစားလေ့ကျင့်ရေးခန်းမ()၌ အကြိတ်အနယ် ယှဉ်ပြိုင် ကစားခဲ့ကြကာ အဆင့်မြင့် သိပ္ပံနှင့်နည်းပညာဦီးစီးဌာန အသင်း (က) က  အနိုင်ရ ဗိုလ်စွဲခဲ့သည်။

 

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ ညွှန်ကြားရေးမှူးချုပ်များက ပထမဆုရရှိသည့် အသင်းနှင့် ဒုတိယဆုရရှိသည့် အသင်းတို့မှ ကစားသမားများကို တစ်ဦး ချင်း ဆုတံဆိပ်များနှင့် ငွေသားဆုကို လည်းကောင်း၊ ဒုတိယဝန်ကြီးက ပထမဆုရရှိသည့် အသင်းအား ငွေသားဆုနှင့် တံခွန်စိုက် ဖလားဆုကိုလည်းကောင်း ပေးအပ်ချီးမြှင့်ကြပြီး နည်းပြများနှင့် ပြိုင်ပွဲဝင် အားကစားသမားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ ဂုဏ်ပြုအားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)