နေပြည်တော်  အောက်တိုဘာ  ၃၁

 

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)မှ ဌာနေကိုယ်စားလှယ် Ms. Elena Ajmone Sessera နှင့်အဖွဲ့ကို ယနေ့ နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ကျန်းမာရေးဝန်ကြီးဌာနနှင့် ICRC အဖွဲ့တို့အကြား ပူးပေါင်းဆောင်ရွက်နေသည့် ကျန်းမာရေး စောင့်ရှောက်မှု ကိစ္စရပ်များ၊ ခြေတုလက်တု ထုတ်လုပ်တပ်ဆင်ရေး အလုပ်ရုံများနှင့် ပြန်လည် သန်စွမ်းရေးဌာနများအား နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးရေး၊ သင်တန်းပို့ချရေးနှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး ကိစ္စရပ်များနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့် ကိစ္စရပ်များ ကို ဆွေးနွေးခဲ့ကြသည်။

 

တွေ့ဆုံပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊  တာဝန်ရှိသူများနှင့် ICRC မှ ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)