စစ်တွေ ၅ မတ် 

 

ဘူးသီးတောင်မြို့နယ် တောင်ဘဇာနယ်မြေ၊ ငရန့်ချောင်းကျေးရွာတွင် ယမန်နေ့ ညနေ ၄ နာရီခန့်က ဆေးလိပ်မီးမှတစ်ဆင့် မီးလောင်ကျွမ်းခဲ့ရာ နေအိမ် ၂၅ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

22

 

ဖြစ်စဉ်မှာ ငရန့်ချောင်းကျေးရွာ အဒူကော်ရိမ်က နေအိမ်အနီးရှိ ကိုင်းတောအတွင်း ဆေးလိပ်မီး ပေါ့ဆစွာစွန့်ပစ်ခဲ့ရာမှ လူနေအိမ်သို့ မီးကူးစက်လောင်ကျွမ်းပြီး လူနေအိမ် (၁၃)လုံး၊ လူနေထိုင်ခြင်းမရှိသည့်အိမ် (၁၂)လုံး မီးလောင်မှုဖြစ်ပွားခဲ့သည်။ မီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း၊ မီးဘေးသင့်ပြည်သူ (၅၈)ဦးမှာ ၎င်းကျေးရွာရှိ စာသင်ကျောင်း၌ ယာယီနေထိုင်လျက်ရှိကြောင်း သိရသည်။

 

အလားတူ စစ်တွေမြို့ မင်းဂံရပ်ကွက် ကန်တော်ကြီးအကွက် (၅)တွင် ယနေ့နံနက် ၁ နာရီခန့်က ဘုရားမီးမှတစ်ဆင့် အနီးရှိဝါးထရံသို့ မီးကူးစက်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့သဖြင့် လူနေအိမ် (၁)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး မီးဘေးသင့်ပြည်သူ (၃)ဦးမှာ နီးစပ်ရာဆွေမျိုးများနေအိမ်တွင် ယာယီနေထိုင်လျက်ရှိကြောင်း သိရသည်။ 

 

ဟန်လင်းထက်